၂၀၀၁ ခုနှစ်တွင် အင်္ဂလန်မှ Jason နှင့် Jenny Cairns Lawrence တို့စုံတွဲသည် နယူးယောက်မြို့သို့ အားလပ်ရက်ခရီးထွက်ချိန်တွင် World Trade Center အား အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံခဲ့ရပါသည်။
၂၀၀၅၊ ဇူလိုင်လ ၇ ရက်နေ့ သူတို့ရဲ့ အားလပ်ရက်ခရီးအဖြစ် လန်ဒန်မြို့သို့ အလည်အပတ်သွားခဲ့ပါသည်။ ထိုအချိန် မြေအောက်ဘူတာရုံတွင် အသေခံဗုံးခွဲသမား လေးဉီး၏ထိတ်လန့်ဖွယ် တိုက်ခိုက်မှု ကြုံရပြန်ပါသည်။ ထိုဖြစ်စဉ်တွင် ၅၂ ဦးသေကာ ၇၀၀ ဒဏ်ရာရခဲ့ပါသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ညတွင်
သူတို့စုံတွဲသည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့သို့ အလည်အပတ် ရောက်ရှိနေခဲ့ပါသည်။ သူတို့ရှိနေချိန်တွင် မွန်ဘိုင်းတိုက်ခိုက်မှုဟု ကမ္ဘာကျော်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံခဲ့ရပြန်ပါသည်။ ထိုတိုက်ခိုက်မှုတွင် ၁၆၄ ဉီးသေဆုံးခဲ့ရပါသည်။
သူတို့ရဲ့ အားလပ်ရက် ခရီးစဉ်တိုင်းမှာ ထိုကဲ့သို့ ကံဆိုးမှုကြုံကြရတာ ထူးခြားတဲ့ တိုက်ဆိုင်မှုဟု ပြောရမှာပါ။ ခရီးစဉ်တိုင်းကို သေချာရွေးချယ်ဆုံးဖြတ်ခဲ့ကြပေမယ့် ကြုံရတဲ့ အတွေ့အကြုံကတော့ လန့်စရာပါ။ တဖက်ကကြည့်ပြန်လျင်လည်း ထိုကဲ့သို့ ထိတ်လန့်ဖွယ် အခြေအနေများမှ ထိခိုက်သေဆုံးမှု မရှိခဲ့တာကလည်း ကံကောင်းတယ်လို့ ဆိုရမှာပဲ ဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
နေခရမ်း....
|
Wednesday, January 29, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။