ဟစ်တလာနဲ့ နာဇီစစ်တပ်ကိုတိုက်ခိုက်ရန် အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝီလျံပက်ထရစ် ဟစ်တလာ ဆိုသူသည် ဟစ်တလာ၏တူတော်စပ်ပါတယ်။
သူသည် ဒုတိယကမ္ဘာစစ်စတင်ချိန်တွင် ဂျာမနီမှ အမေရိကန်သို့ ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် ဖက်စစ်စနစ်ကိုတိုက်ဖျက်ရန် မဟာမိတ်စစ်တပ်များဘက်မှ ပါဝင်တိုက်ခိုက်ပေးလိုကြောင်း အမေရိကန်သမ္မတ ဖရန်ကလင် ဒီရုစဗဲ့ထံ စာရေးဆက်သွယ်ခဲ့ပါတယ်။
ထို့နောက် အမေရိကန်စစ်တပ်သို့ ဝင်ရောက်ကာ ဒဏ်ရာကြောင့် အနားမယူခင်အချိန်အထိ ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ စစ်ကြီးပြီးချိန်၌ နယူးယောက်မြို့တွင် ဇနီး၊ သားလေးဦးဖြင့် လျှို့ဝှက်နေထိုင်သွားခဲ့ပါတယ်။
သူ့အကြောင်းကို လူသိပ်မသိကြပေမယ့် အမေရိကန်သမ္မတဆီသို့ သူရေးသားဆက်သွယ်ခဲ့တဲ့ လျှို့ဝှက်အကြောင်းကြားစာကို နောက်ပိုင်း နှစ်အတန်ကြာမှ ရှုဖွေတွေ့ရှိခဲ့ကြမှ ပိုမိုလူသိလာကြခြင်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
⭐⭐⭐⭐⭐ဗဟုသုတရဖွယ်များကြည့်ရန်⭐⭐⭐⭐⭐
နေခရမ်း - ထူးဆန်းထွေလာ Facebook Page မှ ဖိတ်ခေါ်ပါသည်။
နေခရမ်း....
|
Tuesday, February 4, 2020
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။