အိန္ဒိယနိုင်ငံအရှေ့ပိုင်း အ စွန်အဖျားကျေးရွာရှိ ရွာသူရွာ သားတို့သည်
အဆိပ်ရှိသော မြွေ တို့၏ စောင်မခြင်းကို ခံယူရန် တန်းစီလျက်ရှိကြောင်း သိရ
သည်။
ထိုသို့ ခံယူလိုက်ခြင်းဖြင့် ကံကောင်းစေသည်ဟု ယူဆသော
ကြောင့်ဖြစ်သည်။ မြွေအလမ္ပာယ် ဆရာတို့က လက်ခုပ်တီးခြင်း၊ ဗုံ
များတီးခြင်းဖြင့် ပခြုပ်အတွင်းမှ မြွေများ ထွက်လာစေရန် ဆွဲဆောင်
မှုပြုကြသည်။
ယင်းသည် အနောက်ဘင်္ဂ လားပြည်နယ် ပါဘာဘီရှနုပါရွာ တွင်
နှစ်စဉ်ကျင်းပသော မြွေပွဲ တော် အခင်းအကျင်းလည်းဖြစ် သည်။ မြွေများကို
ပခြုပ်များအ တွင်းမှ ထွက်လာအောင် ပြုလုပ် ခြင်းသည် အတတ်ပညာတစ်ခုဖြစ်ကြောင်း
အသက် ၄၆ နှစ်အရွယ်ရှိ မြွေ အလမ္ပာယ်ဆရာ ဟိုင်ဒါမားက ပြောကြားခဲ့သည်။