နေခရမ်း....
|
Wednesday, February 10, 2016
သုံးဘီးဆိုင်ကယ် (ခေါ်) တုတ်တုတ်ယာဉ် နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်
ဗြိတိသျှနိုင်ငံသား ကျောင်းဆရာနှစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒ် နဲ့ နစ်ခ် တို့ ဟာ တုတ်တုတ်ယာဉ်နဲ့  မိုင်ပေါင်း ၂၃,၃၀၀ ကျော် ခရီးထွက်ခဲ့ပြီး အရှည်ကြာဆုံး တုတ်တုတ်ယာဉ်စီးပြီးသွားတဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါတယ်။ သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့နှစ် သြဂတ်စ်လထဲက ဗြိတိန်ကနေ စထွက်ခွာလာခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ သူတို့ နှစ်ဦး ချီလီနိုင်ငံကို တုတ်တုတ်နဲ့ ဖြတ်ကျော်ပြီးတာနဲ့ တစ်ပြိုင်နက် '' တုတ်တုတ်ယာဉ်စီးပြီး ကမ္ဘာ့အရှည်ကြာဆုံးခရီးသွားခဲ့သူတွေ " အဖြစ် ဂင်းနစ်မှတ်တမ်းမှာ တရားဝင်မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။ သူတို့ ရဲ့ ခရီးစဉ်ဟာ ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေရိုးမြို့ မှာ ပြီးဆုံးမှာ ဖြစ်တယ်လို့ Sky ရုပ်သံဌာနကို ပြောကြားလိုက်ပြီး သူတို့  ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဖွံ့ ဖြိုးဆဲနိုင်ငံတွေအတွက် ပညာရေးအစီအစဉ်တွေ ရန်ပုံငွေကို မြှင့်တင်ပေးချင်တာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ( Tallest Statues in the World )
အကြောင်းကို တင်ပြပေးပါမယ်။
အမြင့်ဆုံး အတော်များများ မှာ ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် များဖြစ်ပြီး ၊
အခြား အမှတ်တရ အထိမ်းအမှတ် ရုပ်ထုများလည်း ပါဝင်ကြပါတယ်။
အားပေးကြပါအုံး သူငယ်ချင်းတို့...
(၁)Spring Temple Buddha
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထု ကတော့ တရုတ်နိုင်ငံ ၊ Henan ပြည်နယ်
မှာတည်ရှိပါတယ်။ မှတ်တမ်းတင် အမြင့် 128 m (420 ပေ) ရှိသော်လည်း ၊ ကြာဖူး
ပလ္လင် အမြင့်နှင့် အောက်ခံ တွေပါဆို စုစုပေါင်း 208 m (682 ပေ) ဟု ဆိုကြပါတယ်။
ရုပ်ပွားတော်၏ အောက်တွင် ဘုန်တော်ကြီးကျောင်းကို တွဲစပ်တည်ဆောက်ထားပါတယ်။
ကြည်ညိုဖွယ်အဝေးမှမြင်ရပုံပါ...
ဒီရုပ်ပွားတော် သည် ကြေးသွန်းရုပ်ပွားတော် ဖြစ်ပြီး ကြေးတန်ချိန် 1,000 ဖြင့်
တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်အထိ
အာဖဂန်နစ်စတန် မှ တာလီဘန်တို့ ဗုံးခွဲဖြိုချခြင်းခံရတဲ့ Buddhas of Bamiyan
ရုပ်ပွားတော်သည် ကမ္ဘာ့အမြင့်ဆုံးပါ။ ထိုအကြောင်းကို နောင် သက်သက် ပိုစ့်အတို
ရေးပါမည်။

အကြောင်းအရာ
ဂရင်းနစ်မှတ်တမ်းများ,
ထူးဆန်းမြန်မာ,
ထူးဆန်းနေရာများ
Subscribe to:
Posts (Atom)