သူငယ်ချင်းတို့ကို ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) အကြောင်းကို
တင်ပြပေးချင်ပါသည်။အခြားလှိုဏ်ဂူများနှင့်မတူပဲ အထဲမှာ ကျောက်စက်ပန်းဆွဲများ
ပုံစံ ဖြစ်တည်နေသော ရေခဲလွှာများ ၊ ရေခဲတိုင်များကို တွေ့မြင်ရမှာပါ။
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ(Eisriesenwelt) သည် Austria နိုင်ငံ Werfen
မှာတည်ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိသော
သဘာဝထုံးကျောက်ရေခဲလှိုဏ်ဂူ အမျိုးအစားပါ။

ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
အကျယ်အ၀န်းအားဖြင့် 42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိပြီး
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ အဖြစ် သတ်မှတ်ထားကြပါသည်။

( တောင်ပေါ်မှ ရေခဲလှိုဏ်ဂူသို့ ၀င်ရောက်ရာ ဂူပေါက် )
ဒီဂူကြီးသည် ၁၆၅၆ မီတာ အမြင့်မှာ တည်ရှိတာမို့ လာရောက်သူများအနေဖြင့်
တောင်ပေါ်ကိုအရင် တက်ပြီးမှ ရေခဲလှိုဏ်ဂူ ထဲကို ရောက်ရှိမှာပါ။