စီးပွားရေး လုပ်ငန်းရှင်တွေ၊ ထင်ရှား ကျော်ကြား သူတွေပာာ သူတို့
အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ကောင်းမွန်တဲ့ အာမခံတွေ စီမံထားလေ့
ရှိပါတယ်။ အာမခံ အမျိုးမျိုးရှိတဲ့ အနက် အချို့ အာမခံတွေက ထူးထူးခြားခြား
ဖြစ်နေတာ တွေ့ရှိရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ထင်ရှား
ကျော်ကြားသူတွေဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အာမခံလေ့ ရှိတာကြောင့်
ဖြစ်ပါတယ်။ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ လွိုက်အာမခံ လုပ်ငန်းဟာ
သုတ်ပိုးကနေ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အထိ အာမခံလို့ ရအောင် ပြုလုပ်ပေးလေ့
ရှိပါတယ်။
လွိုက်အာမခံ လုပ်ငန်းဟာ နာမည်ကြီး အာမခံ
လုပ်ငန်းစု ဖြစ်ပြီး လုပ်ငန်း တည်ထောင်တဲ့ နှစ်က (၃၂၇) နှစ်အထိ
ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ လွိုက်အာမခံ လုပ်ငန်းဟာ ထူးခြားတဲ့ အာမခံတွေ
အမြဲပြုလုပ်ပြီး စိတ်ဝင်စားမှု ရအောင် လုပ်လေ့ ရှိပါတယ်။ အာမခံ အမျိုးအစား
အများအပြား ရှိနေတဲ့ အထဲက ထူးထူးခြားခြား အာမခံ တင်ထား သူတွေရဲ့အကြောင်း
ဖော်ပြ ပေးလိုက်ပါတယ်။
၁။ မက်ဒေါနား
အသက် (၅၆)
နှစ်ရှိနေပြီ ဖြစ်ပေမယ့် အောင်မြင်မူတွေ ရယူထားနိုင်ဆဲ ဖြစ်တဲ့ အဆိုတော်
မက်ဒေါနားဟာ ထူးခြားတဲ့ ဖက်ရှင် စတိုင်တွေ အမျိုးမျိုး ထုတ်ခဲ့ပေမယ့်
မပြောင်းလဲဘဲ ထားတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရင်သားပဲ ဖြစ်ပါတယ်။
ထင်ရှား ကျော်ကြားသူ အများစုဟာ ရင်သားတွေကို ခွဲစိပ်တတ်ကြပေမယ့် မက်ဒေါနား
ကတော့ သဘာဝ အတိုင်းပဲ ထားလေ့ ရှိပါတယ်။
၁၉၉၀ ပြည့်
ကာလတွေမှာတော့ မက်ဒေါနားရဲ့ ရင်သားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှတ်ချက်
အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးပါတယ်။ မက်ဒေါနားဟာ ရင်သားကို ကတော့ပုံစံ
ပြုလုပ်ထားတာကြောင့် ထင်မြင်ချက် မျိုးစုံ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
မက်ဒေါနားပာာ ရင်သားကို ဒီဇိုင်နာရဲ့အကူအညီနဲ့ လှပအောင် ဖန်တီးထားတာ
ဖြစ်ပါတယ်။
ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေမှာ ရွှေရောင် ဆံပင်၊
လှပတဲ့ ရင်သား၊ ထူးခြားတဲ့ ဖက်ရှင်စတိုင်တွေနဲ့ ဖမ်းစားခဲ့တဲ့ မက်ဒေါနားဟာ
ပရိသတ်ကို လက်ရှိအချိန် အထိ ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ မက်ဒေါနားပာာ
သူ့ရင်သားကို အလွန် တန်ဖိုးထားပြီး သဘာဝအတိုင်း ထားလေ့ ရှိပါတယ်။ ပိုပြီး
ထူးခြားတာက မက်ဒေါနားပာာ ရင်သားကို ဒေါ်လာနှစ်သန်းနဲ့ အာမခံထားခြင်း
ဖြစ်ပါတယ်။