Wednesday, May 31, 2017

အရိုးအရှည်ဆုံး Oarfish ငါးကြီးများ

ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားတတ်သည့် အရွယ်ပမာဏကြီးမားသော ငါးကြီးများတွင် Oarfish ငါးကို အရိုးအရှည်ဆုံးငါးမျိုးအဖြစ် သတ်မှတ်ထားကြပါသည်။

ကြီးမားသလို လွန်ကဲစွာ ရှည်လျားကြသည့် Oarfish ငါးများသည် pelagic lampriform ငါးများဟု ခေါ်ဆိုကြသလို Regalecidae မျိုးနွယ်ဝင် ငါးမျိုးဖြစ်ပါသည်။ Oarfish များတွင် မျိုးနွယ်စိတ် ၄ မျိုး ရှိပါသည်။ ထိုအထဲကမှ the giant oarfish (Regalecus glesne) ငါးမျိုးသည် အကြီးဆုံး နှင့် အရိုးအရှည်ဆုံး မျိုးစိတ် ဖြစ်ပါသည်။

ထိုငါးမျိုးများသည် ပုံမှန်အားဖြင့် ၁၀ ပေ မှ ပေ ၅၀ အထိ ရှည်လျားတတ်ကြပြီး ဂင်းနစ် မှတ်တမ်းစာအုပ်တွင် ၅၆ ပေ အထိရှိသော ငါးဟု မှတ်တမ်းတင်ထားပါသည်။တစ်ချို့ဖမ်းဆီးရမိသော ငါးများမှာ ရှည်လျားကြသဖြင့် ရေနဂါး အကောင်ကြီးများဟုပင် ထင်မှတ်ပြောဆိုကြတာမျိုး ဖြစ်ဖူးပါသည်။

သေးသေးမွှားမွှား အနုစိတ်ပန်းချီ

ဒီတစ်ခါတင်ပြမယ့် Hasan Kale ဆိုသည့် ပန်းချီပညာရှင်တစ်ယောက်ရဲ့ လက်ရာများကတော့ အံ့မခန်းပါပဲ။ သူပန်းချီဆွဲဖို့အတွက် ကင်းဗက်စ ၊ စက္ကူစများ မလိုပါဘူး။ သူ့အတွက် ဆန်စေံတစ်စေ့ ၊ မီးခြစ်ဆံခေါင်းလို နေရာသေးသေးလေးတွေ ရှိနေရင် လုံလောက်ပါပြီ။ သူဆွတြဲ့ ပုံများကို သေခြာမြင်ရဖို့အတွက် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။ အရွယ်ပမာဏသေးငယ်တဲ့ နေရာလေးတွေပေါ်မှာ ပုံသေးသေးလေးတွေ ဆွဲထားပေမယ့် သေသေခြာခြာကြည့်ရင် အလွန်ကို လက်ရာမြောက် သေသပ်တာကို တွေ့ရမှာပါ။ Hasan Kale အနေဖြင့် ဒါမျိုး သေးသေးမွှားမွှား ပုံလေးတွေ ဖန်တီးရတာ ၀ါသနာပါသလို သူလုပ်ပြခဲ့တာလည်း မနည်းပါဘူး။

Selfie အလွဲများ

ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့ ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း သတိထားကြပါလို့…
စွတ်ရိုက်မနေနဲ့ဟဲ့။ ဒီမှာ မနိုင်မနင်း ဖြစ်နေတယ်...

နောက်ကိုလည်း ကြည့်ပါအုံး မမ ရယ်...

၂၂ နှစ်ကြာ တောင်ကိုဖြိုကာ လမ်းဖောက်နိုင်ခဲ့သူ

သူ့အမည်က Dashrath Manjhi ။ ခွန်အားသုံးပြီး အလုပ်ကြမ်း လုပ်ခဲ့ရသည့် ကျောက်မီးသွေးမိုင်းတွင်း လုပ်သားတစ်ဦးပါ။ အိန္ဒိယနိုင်ငံ ၊ ဘီဟာပြည်နယ် Gehlaur ရွာကလေးမှာ နေပါတယ်။ သူငယ်ရွယ်စဉ်မှာ Falguni Devi ဟူသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး ဘ၀ကို အတူတကွ ရုန်းကန်ခဲ့ကြပါတယ်။

ဒါပေမယ့် Dashrath Manjhi ဘ၀မှာ နာကျည်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူချစ်ခင်ရတဲ့ ဇနီးဟာ အပြင်းဖျားရောဂါနှင့် သေဆုံးခဲ့ရပါတယ်။ တကယ်တော့ အနီးဆုံး ဆေးရုံကို အပို့ နောက်ကျခဲ့လို့ မသေသင့်ဘဲ သေခဲ့ရတာ ဖြစ်ပါတယ်။ သူနေထိုင်ရာ Gehlaur  ရွာမှ အနီးဆုံး Wazirganj ကို ရောက်ရှိဖို့ ၅၅ ကီလိုမီတာ ဝေးပါတယ်။ အကြောင်းကတော့ သူရွာရှေ့ရှိ Gehlour တောင်တန်းကြီး ခံနေသဖြင့် ထိုတောင်တန်းကြီးကို တစ်ကွေ့တစ်ပတ်ကြီး ဖြတ်သွားရလို့ပါ။ ၅၅ ကီလိုမီတာ ဆိုပေမယ့် လမ်းကလည်း လမ်းကြမ်း ဆိုတော့ သွားရေးလာရေး ပိုခက်ခဲစေပါတယ်။

ဒီလို ခရီးလမ်းပန်း ကွေ့ကောက်ခက်ခဲနေလို့ သူ့ဇနီး မသေသင့်ဘဲ သေခဲ့ရတာကို Dashrath Manjhi တစ်ယောက် ယူကြုံးမရ အဖြစ်ဆုံးပါ။ ဒါကြောင့် သူဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့ဇနီးကို သေစေခဲ့သည့် ဒီခရီးလမ်းမှ တားဆီးနေတဲ့ တောင်ကြီးကို ဖြိုပြီး လမ်းအသစ်တစ်ခု ဖောက်ဖို့ပါ။ ဒါဆိုရင် သူတို့ရွာလေးကနေ မြို့ကို လွယ်လွယ်ကူကူ ဖြတ်နိုင်ပြီပေါ့။ တစ်ခြားရွာသားတွေအတွက်လည်း အဆင်ပြေမယ်။ နောက်ထပ်လည်း မသေသင့်ဘဲ သေရမယ့်သူတွေ မရှိတော့ဘူးပေါ့။
Related Posts Plugin for WordPress, Blogger...