ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားတတ်သည့် အရွယ်ပမာဏကြီးမားသော ငါးကြီးများတွင် Oarfish ငါးကို အရိုးအရှည်ဆုံးငါးမျိုးအဖြစ် သတ်မှတ်ထားကြပါသည်။

ကြီးမားသလို လွန်ကဲစွာ ရှည်လျားကြသည့် Oarfish ငါးများသည် pelagic lampriform ငါးများဟု ခေါ်ဆိုကြသလို Regalecidae မျိုးနွယ်ဝင် ငါးမျိုးဖြစ်ပါသည်။ Oarfish များတွင် မျိုးနွယ်စိတ် ၄ မျိုး ရှိပါသည်။ ထိုအထဲကမှ the giant oarfish (Regalecus glesne) ငါးမျိုးသည် အကြီးဆုံး နှင့် အရိုးအရှည်ဆုံး မျိုးစိတ် ဖြစ်ပါသည်။

ထိုငါးမျိုးများသည် ပုံမှန်အားဖြင့် ၁၀ ပေ မှ ပေ ၅၀ အထိ ရှည်လျားတတ်ကြပြီး ဂင်းနစ် မှတ်တမ်းစာအုပ်တွင် ၅၆ ပေ အထိရှိသော ငါးဟု မှတ်တမ်းတင်ထားပါသည်။တစ်ချို့ဖမ်းဆီးရမိသော ငါးများမှာ ရှည်လျားကြသဖြင့် ရေနဂါး အကောင်ကြီးများဟုပင် ထင်မှတ်ပြောဆိုကြတာမျိုး ဖြစ်ဖူးပါသည်။

ထိုငါးများသည် ပူနွေးသော ပင်လယ်သမုဒ္ဒရာများ အားလုံးတွင် နေထိုင်တတ်ကြပေမယ့် တွေ့ရခဲသော ငါးမျိုး ဖြစ်ပါသည်။ Oarfish များသည် အပင် နှင့် အသားစား ငါးမျိုး ဖြစ်ပြီး သူတို့၏အဓိကအစာမှာ ပုဇွန် ၊ အခွံမာရေနေ သတ္တ၀ါ ၊ ငါးအသေးများ ၊ ဂျယ်လီ နှင့် ကင်းမွန် တို့ဖြစ်ကြပါသည်။
Mar 1, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။