ကမ္ဘာပေါ်ရှိ လူသားများ အခြေတကျနေထိုင်တတ်ကြသည့် မြို့၊ရွာ များတွင် အအေးဆုံးကျေးရွာလေး အဖြစ် သတ်မှတ်ကြသည့် နေရာလေးမှာ ရုရှနိုင်ငံမှ Oymyakon ရွာလေး ဖြစ်ပါသည်။ ထိုရွာလေး၏ အအေးဆုံး လများတွင် ရွာအတွင်မှ လမ်းများ ၊ တံတားများ ၊ အဆောက်အဦးများ နှင့် ကားများသည် ရေခဲများဖြင့် ဖုံးလွှမ်းနေကာ ရေခဲတိုင်းပြည်ကဲ့သို့ ထင်မှတ်စေရပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlXuTklTKSVOJSCt6YhIhx11DJ3MgFwcNOrfLMyVzMayJQAUliYZj4HNK0ydyxpnUrStUMAgyyTy_dB8zsGWMr-pe6v5yTVgyAS_Ca0JoBDkucC4S48RYRWe4P85xsQKwkxG2t3lPLoQ47/s400/article-0-1715E495000005DC-882_964x708.jpg)
ရုရှနိုင်ငံ၏ နေရာဒေသအချို့သည် ဆောင်းတွင်းဘက်၌ အေးခဲမှုများ ဖြစ်ပေါ်လေ့ရှိကြသော်လည်း ယခု Oymyakon ရွာလေးကတော့ အပူချိန် အနုတ် ၇၁.၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းခဲ့ဖူးပြီး ကမ္ဘာ့အအေးဆုံးကျေးရွာအဖြစ် သတ်မှတ်ထားကြပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPw1GQPF0Yd-p2F9rZA-or2QkmE7st846MT1-K1OmKjzrSM1r3zX1nLFHTFteFrS8nRigpTGxicHBnQ3aHkLfTF5olzlxmtQN4Skd7zS-ZxlgGiTVUN0egNRyGZIvKoD-WBsIK2qSMbzG/s400/article-0-1715E629000005DC-142_964x749.jpg)
Oymyakon ရွာလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၅၀ တွင် တည်ရှိပြီး လူဦးရေ ၅၀၀ ခန့်(2011 ခုနှစ်စာရင်းအရ) နေထိုင်ကြပါသည်။ ထိုရွာလေးသည် ၁၉၂၀ - ၃၀ ခုနှစ်များ ကတည်းက တည်ရှိနေသော ရွာလေးဖြစ်ပါသည်။ ဒေသခံများသည် မွေးမြူရေး ၊ အမဲလိုက်ခြင်း နှင့် ရေခဲ ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကာ အသက်မွေးကြပါသည်။