အီတလီနိုင်ငံမြောက်ပိုင်းက Lake Iseo ရေပြင်ပေါ်ရှိ ကျွန်းနှစ်ကျွန်းကို
ကူးဆက်ထားသည့် တံတားလေးသည် မြင်ဖူးနေကြ ပုံစံမျိုး မဟုတ်ပဲ
ဆန်းသစ်သော ပုံစံတစ်မျိုးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။

ရေပေါ်တွင် ပေါလောပေါ်နေသော ပုံစံမျိုးဖြင့် တည်ဆောက်ထား
သဖြင့် လျောက်လှမ်းသူ အနေဖြင့် ရေပြင်နှင့် တစ်သားတည်း
ဖြစ်နေသော ခံစားမှုကို ရရှိစေမှာပါ။

စုစုပေါင်းလျောက်လမ်းအရှည် ၅.၅ ကီလိုမီတာ (၁၈၀၄၄ ပေ ) ခန့်
ရှိပြီး အ၀ါရောင်တောက်တောက် ဒီဇိုင်းပုံစံ ဖန်တီးထားပါသည်။