ကယားပြည်နယ် လွိုင်ကော်မြို့တော်သို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမျှော် လည်ပတ်တတ်ကြသည့် နေရာတစ်ခုမှာ တောင်ကွဲစေတီ ခေါ် သီရိမင်္ဂလာတောင်ကွဲစေတီပင် ဖြစ်ပါသည်။ ကယား နှင့် တောင်ကွဲစေတီ တွဲဖတ်သိနေရအောင် စေတီများတည်ရှိနေပုံ တစ်မူထူးခြားလှသလို တောင်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းအလှများကိုလည်း ခံစားနိုင်သဖြင့် သွားရောက် ဖူးမျှော်ကြခြင်း ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWdvNZT7QM-yPjCfp1bXm5PE5LYgn03OqnryTghpBOJYx9cyCu32ml0MZJNws68J90VNGpXW1Fprr4xo68Y3hGsUnttvwx9neA8XjHn156Lbi0sCWVoHCiIXl5Gbmb1y01XIbtQD2ZwuTb/s400/299365-01-01.jpeg)
တောင်ကွဲစေတီသည် လွိုင်ကော်မြို့၏ တောင်ဘက်တွင် တည်ရှိနေပြီး တောင်တော်ကို လွိုင်ကော်မြို့ရောက်သည်နှင့် ထီးထီးမားမား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ လွိုင်ကော်မြို့အတွင်း မြေပြင်မှ ထီးထီးကြီး ပေါ်ထွက်နေသော တောင်ကြီးဖြစ်သလို အခြားတောင်များကဲ့သို့ တောင်တစ်လုံးတည်း မဟုတ်ဘဲ တောင်ချွန် ၊ တောင်ထွတ်များ တစ်နေရာတည်း စုစည်းကာ ပေါ်ထွက်နေခြင်း ဖြစ်ပါသည်။