ပြင်သစ်နိုင်ငံမှ ကွတ်ကီး(Cookie) အမည်ရှိသော ချစ်စရာကြောင်ကလေးတစ်ကောင်၏
စွန့်စားခန်းကလည်း ကြောင်ချစ်သူများအနေဖြင့် ပြောစရာ တစ်ခုဖြစ်နေပါသည်။
ကြောင်ကလေး ကွတ်ကီးနှင့် သူ၏သခင်များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ထဲတွင်
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Grasse အမည်ရှိသော အရပ်သို့ ခရီးထွက်
ရင်း မမျှော်လင့်ပဲ ကြောင်ကလေး ကွတ်ကီးကို ပျောက်ဆုံးသွားခဲ့ရပါသည်။
ထိုသို့ ပျောက်ဆုံးသွားသော ကြောင်ကလေးကွတ်ကီးသည် ၂၀၁၄ ခုနှစ်
အောက်တိုဘာလထဲတွင် သူ၏သခင်နေထိုင်ရာ နော်မန်ဒီအပိုင် Calvados ဒေသသို့
တစ်ကိုယ်လုံးတွင် ဒဏ်ရာအနာတရများစွာဖြင့် ပြန်လည်ရောက်ရှိလာပါသည်။