
ကမ္ဘာပေါ်တွင် ဆွဲဆန့်အားကို ခံနိုင်ရည် အရှိဆုံး အရာအဖြစ် ယခင်က ပင့်ကူမျှင်က စံချိန် တင်ထားခဲ့ရာ နောက်ဆုံး လေ့လာမှုအရ ပင့်ကူမျှင် နေရာကို ပင်လယ် ကမ်းခြေများတွင် တွေ့ရသော ခမောက် ခရု၏ သွားက နေရာယူလိုက်ပြီ ဖြစ်သည်။
လေ့လာ သုတေသနကို ပို့စ်မောက် တက္ကသိုလ် သုတေသန အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ပါမောက္ခ အဆာဘာ ဘာဘာက သုတေသနကို ဦးဆောင်သည်။ ခမောက် ခရု၏ သွားနမူနာကို ယူကာ သွားကို ကွဲထွက် သွားသည် အထိ တန်ဆိုမီတာ ကိရိယာကို သုံးပြီး ဆွဲဖြဲပစ်ခဲ့သည်။
တန်ဆိုမီတာသည် စမ်းသပ် ဆွဲဖြဲလိုသော ပစ္စည်း နောက်ဆုံး အဆင့်ထိ ပြတ်ထွက်သွားသည် အထိ ဆွဲဖြဲကြည့် ပြီးနောက် နောက်ဆုံး မှတ်သည်အား မည်မျှ သုံးလိုက်ရကြောင်းကို ဖော်ပြပေးသည်။ ခမောက်ခရု၏ သွားက ဆွဲဖြဲသည့်အား ခံနိုင်စွမ်းကို ဂစ်ဂါပစ်ဇယ် (GPa) ဖြင့် တိုင်းတာသည်။
ထိုအခါ ခရုသွားသည် (4.9 GPa) ထိ ခံနိုင်စွမ်း ရှိကြောင်း တွေ့ခဲ့ရသည်။ မြင်သာအောင် ပြရလျှင် ၀ါးထက် ငါးဆ ပိုမာသည်။ လူသား၏ သွားထက်ဆယ်ဆ ပိုမာသည်ဟု ဆိုနိုင်သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်က ပင့်ကူမျှင်ကို စမ်းသပ်ခဲ့ရာ 4 Gpa ထိ ရရှိခဲ့ပြီး၊ ကမ္ဘာ့ အမာဆုံး သဘာဝ ပစ္စည်းအဖြစ် စံချိန်တင်ခဲ့သည်။ ထိုမာနှုန်းသည် စတီး၏ မာနှုန်းနှင့် ညီမျှသည်။
Source: Independent
credit : messenger journal