စပိန်နိုင်ငံ Alicante မှ lbi မြို့လေးတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်သည် မြို့သူမြို့သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြပါသည်။ ထိုပွဲတော်တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဂျုံမှုန့်များ၊ ကြက်ဥများ၊ ရောင်စုံအမှုန့်များ၊ ဗျောက်အိုးနှင့် မီးပန်းများသုံးကာ တစ်နေ့လုံး ပျော်ရွှင်စွာ တိုက်ခိုက်ဆော့ကစားတတ်ကြပါသည်။

နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် lbi မြို့သားများသည် Els Enfarinats ပွဲတော် (သို့) Food Fight ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ပွဲတော်ကျင်းပသည့်နေ့ မနက် ၈ နာရီမှစကာ အိမ်ထောင်ရှင်များ ပါဝင်သော Els Enfarinats အဖွဲ့က မြို့ကို တစ်ရက်ကြာ ထိန်းချုပ်ကြပြီး ဥပဒေအသစ် ၊ အမိန့်အသစ်များ ပြဋ္ဌာန်းကြပါသည်။ ပြဋ္ဌာန်းသော ဥပဒေများမှာ ရယ်စရာကောင်းသော ဟာသဆန်ဆန် ဥပဒေများဖြစ်ပြီး ချိုးဖောက်မနာခံသူများကို တိုက်ခိုက်ဖမ်းဆီးခြင်း ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ကြပါသည်။