
ဗုဒ္ဓဘာသာ ဝင်များ၏ ယဉ်ကျေးမှု အနုပညာကို အထူးပြုလေ့လာနေသည့် သုတေသီ အဲရစ်ဘရိုင်း ဦးဆောင်သော အဖွဲ့မှာ CT scan မရိုက်မီကတည်းက ဗုဒ္ဓရုပ်ပွားတော်အတွင်း မပျက်စီးသေးသည့် ရုပ်ခန္ဓာ တွေ့ရှိမည်ဟု တွက်ဆခဲ့ကြပြီး ဟော်လန်နိုင်ငံရှိ Meander ဆေးသုတေသနဌာနတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ် သည်။

သို့သော် CT scan နှင့်ခန္ဓာကိုယ်အတွင်းပိုင်း အထူးပြု ဓာတ်မှန် ရိုက်ကြည့်ရာတွင် တရားထိုင်နေဟန်ရှိ သည့် ဘုန်းကြီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပျောက်ဆုံးနေသည့် အတွက် သုတေသီများ အံ့အား သင့်နေကြောင်းNL Time သတင်းစာက ဖော်ပြထားသည်။