ဒီတစ်ခါ တင်ပြပေးချင်တာက အရောင်အမျိုးမျိုးရှိကြတဲ့ သဲသောင်ပြင်
ကမ်းခြေ တွေကိုပါ။ တမူထူးပြီး အရောင်တစ်မျိုးစီ ရှိကြတဲ့ ကမ်းခြေများကို
နေခရမ်း ၏ထုံးစံအတိုင်း စုစည်းတင်ပေးလိုက်ပါတယ်။
(၁)Punalu Beach, Hawaii

ကမ္ဘာကျော် ဟာဝိုင်ယီမှာ တည်ရှိပါတယ်။ ဒီကမ်းခြေရဲ့ထူးခြားမှုက
အမဲရောင် သဲသောင်ပြင်ဖြစ်နေလို့ပါ။ကျွန်းကြီး၏ အရှေ့ဘက် ခြမ်းတွင်
တည်ရှိပြီး ကမ္ဘာ့အံ့သြဖွယ်ကောင်းသော ကမ်းခြေများစာရင်းတွင် တစ်ခု
အပါအ၀င်ဖြစ်ပါတယ်။ အရောင်ရင့်တဲ့ မီးသင့်ကျောက်(မီးတောင်ချော်ကျောက်)
တွေကြောင့် အနက်ရောင် သဲတွေဖြစ်ပေါ်လာတာပါ။