Wednesday, March 8, 2017
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၀)
ပြင်ပမှ အရာဝတ္ထုများနှင့် ပန်းချီကာတွန်ပုံလေးများကို
ပေါင်းစပ်ရေးဆွထြားတဲ့ ပုံလေးများကို ထပ်မံတင်ပြပါအုံးမယ်။
ယခုပုံလေးများကိုတော့ အာမေးနီးယား အနုပညာရှင် Edgar မှ
စိတ်ကူး တင်ထွင် ဖန်တီးထားတာပါ။ သူကတော့ သတို့သမီးဝတ်စုံ
လိုမျိုး အမျိုးသမီးများရဲ့ ပွဲတက်ဝတ်စုံပုံစံများကို စိတ်ကူးဖြင့်
ဖန်တီးပြထားတာပါ။သူရဲ့တစ်မူထူးတဲ့ ပေါင်းစပ်ပန်းချီပုံလေးများကို
ကြည့်လိုက်ရအောင်ဗျာ…
ဆားပန်းချီ (၂)
ဆားပွင့်လေးများကို လိုသလို သရုပ်ဖော်ရေးဆွဲထားတဲ့
လက်ရာမြောက် ပုံများပါ။ ဖန်တီးတဲ့ အနုပညာရှင်မှာ
Dino Tomic ဖြစ်ပါတယ်။
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၄)
သူငယ်ချင်းတို့ကို ဒီတစ်ခါအပြောင်းအလဲလေးဖြစ်သွားအောင်
စိတ်ထားဖြူစင်ပြီး မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင် ဆရာဝန်တွေ
အကြောင်းတင်ပြချင်ပါတယ်။ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၃) တွင်လည်း ကိုယ့်အသက်
သေမည်ကိုသိရဲ့နဲ့ အသက်စွန့်ကယ်တင်ခဲ့တဲ့ ပထမဆုံးသားဖွား
ဆရာဝန်တစ်ယောက်အကြောင်း တင်ပေးဖူးပါတယ်။
ယခုတင်ပြမယ့် အင်္ဂလန်နိုင်ငံမှ အိုလီဗာဂိုးစမစ် ဟူသည့်ဆေးဆရာ
ဟာငယ်စဉ်တည်းက ဆေးပညာကိုသင်ယူခဲ့သူတစ်ယောက်ပါ။
ဒါပေမယ့်သူဟာ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပြဇာတ်ဆရာအဖြစ်ပါ
ကျော်ကြားလူသိများတဲ့ စွယ်စုံပညာရှင်တစ်ယောက်ပါ။
သူဟာ အနုပညာရှင်ပီသစွာ သနားကြင်နာမှု ၊ ပေးကမ်းရက်ရောမှု
တွေရှိတဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူ့တွင် ပိုလျှံမှုတွေမရှိ
သလောက်ကျပ်တည်းနေတက်ခဲ့ပါတယ်။
ကမ္ဘာကျော် လေဘာတီ ရုပ်ထုကြီး
အမေရိကန်နိုင်ငံ ၏ အမှတ်လက္ခဏာဖြစ်သော လေဘာတီရုပ်ထုကြီးသည်
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများစာရင်းတွင်နံပါတ် ၄၄ မှာတည်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ နယူးယောက် ဆိပ်ကမ်းသို့ ၀င်လိုက်သည်နှင့် ကမ္ဘာကျော် လေဘာတီ ရုပ်တုကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ Liberty Island ကျွန်းပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပါသည်။
ရုပ်ထုအမြင့်မှာ 46 m (151  ပေ ၁ လက်မ ) ရှိပါတယ်။ ဒီအမြင့်မှာ ရုပ်ထု၏ သီးခြားအမြင့်ပါ။ အောက်ခြေ ပန်းပုရုပ် အောက်ခံခုံ မြေပြင်အခြေမှ ဆိုလျှင် 93 m (305 ပေ ၁ လက်မ ) အထိ ရှိပါတယ်။(ထို အချက်အလက်များကို WIKI မှရယူပါသည်)
ထိုရုပ်တုကြီးကို ၁၈၈၆ ခုနှစ်တွင် အမေရိကန် တော်လှန်ရေး အောင်မြင်သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၁၈၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က ဤ ရုပ်တုအား ထိုစဉ်က အမေရိကန်သမ္မတ ဂရိုဗာကလိဗ် လန်း၏ရှေ့၌ ဖွင့်လှစ်ခဲ့ပါသည်။
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၃) (Rocamadour)
ဒီတစ်ခေါက်တင်ပြမှာကတော့ ပြင်သစ်နိုင်ငံ အနောက်တောင်ဘက်ပိုင်းမှာ
ခရီးသွားတွေအတွက် စိတ်ဝင်တစား လာရောက်လည်ပတ်စေပါတယ်။
ဧရိယာအကျယ်အ၀န်းအားဖြင့် 49.42 km2 (19.08 စတုရန်းမိုင်) ရှိပါတယ်။
Related Posts Plugin for WordPress, Blogger...