စပိန်နိုင်ငံ Ibi မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်ခေါ် ဂျုံမှုန့်၊ ဆေးရောင်စုံအမှုန့်၊ ကြက်ဥ၊ မီးရှူးမီးပန်း၊ ဗြောက်အိုးစသဖြင့် အရာများဖြင့် မြို့ခံအချင်းချင်း အုပ်စုနှစ်စုခွဲ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသည့် ပွဲတော်မြင်ကွင်း။ Food Fight ဟူ၍လည်း ခေါ်တွင်သော ထိုပွဲတော်ကို Ibi မြို့လေးတွင် ၁၉၈၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
နေခရမ်း....
|
Tuesday, April 2, 2013
အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူလေး
မြောက်အမေရိက ဇာတိဖြစ်သော မိကျောင်းခေါင်းတိုကို ဂမ့်ပ်ဟု အမည်ပေးထားပြီး ချာလီက ယင်းသားစား သတ္တဝါကို ချီမြှောက်မယူကာ ပျော်ရွှင်စွာ ဆော့ကစားလေ့ ရှိသည်။ ချာလီနှင့် ဂမ့်ပ်တို့၏ နပမ်းလုံးရင်း သတ်ပုတ် ဆော့ကစားလေ့ ရှိသည့် မြင်ကွင်းသည် လူအများအတွက် အထူးအဆန်း ဖြစ်နေရသည်။
ဘရာဇီလ်း ကာနေဗယ်လ်ပွဲတော်
ဘရာဇီးလ်နိုင်ငံတွင် နှစ်စဉ် အကြီးအကျယ် ကျင်းပလေ့ရှိသည့် ကာနေဗယ်လ်ပွဲတော်ကို သောကြာနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က စတင်လိုက်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသိများထင်ရှားသည့် ဘရာဇီးလ် ကာနေဗယ်လ်ပွဲတော်ကို နိုင်ငံတစ်ဝန်း ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
နိုင်ရိုဘီလမ်းမပေါ်ရောက် ခြင်္သေ့နှစ်ကောင်
မော်တော်ယာဉ်အသွားအလာ များပြားရှုပ်ထွေးသည့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အမျိုးသားဥယျာဉ်အနီးရှိ လမ်းမပေါ်သို့ ခြင်္သေ့နှစ်ကောင် ရောက်ရှိလာပြီး စိတ်ကြိုက် ဆော့ကစားနေခဲ့ရာ ယာဉ်ကြောပိတ်ဆို့ ခေတ္တမျှဖြစ်ပေါ်ခဲ့သည်။
ထူးခြားသည့်အသွင်အပြင်ရှိ ခရစ်ယာန်ဘုရားကျောင်း
အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းလေး တစ်ခုမှာ ယင်း၏
ထူးခြားသော အသွင်အပြင်ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်ရာ
နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။ ဖလော်ရီဒါရှိ တမ်ပါဘေးမှ Church By The Sea
ဘုရားကျောင်းလေးနှင့် ပတ်သက်ပြီး ယခုအခါ အင်တာနက်တွင် Fan Clubပင် စုဖွဲ့မှု
ရှိနေပြီ ဖြစ်သည်။
အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းလေး တစ်ခုမှာ ယင်း၏ ထူးခြားသော အသွင်အပြင်ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်ရာ နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။ ဖလော်ရီဒါရှိ တမ်ပါဘေးမှ Church By The Sea ဘုရားကျောင်းလေးနှင့် ပတ်သက်ပြီး ယခုအခါ အင်တာနက်တွင် Fan Clubပင် စုဖွဲ့မှု ရှိနေပြီ ဖြစ်သည်။ ယင်းဘုရားကျောင်းလေး၏ ထူးခြားမှုမှာ ရုတ်တရက်ကြည့်လျှင် ကြက်ပေါက်လေး တစ်ကောင်၏ မျက်နှာနှင့် ဆင်တူနေခြင်း ဖြစ်သည်။
၁၉၃၈ ခုနှစ်က ရုပ်ရှင်ပြကွက်အတွင်း မိုဘိုင်းလ်းဖုန်းသုံးခဲ့သည့် ပဟေဠိ အဖြေပေါ်ပြီဖြစ်
ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့်
အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့်
အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က
YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော်
ကြည့်ရှုခဲ့ကြသည်။
(၁၉၃၈)ခုနှစ်က ရိုက်ကူးခဲ့သည့်
ရုပ်ရှင်တစ်ခုအတွင်း အမျိုးသမီးတစ်ဦး မိုဘိုင်းလ်ဖုန်းနှင့်
စကားပြောနေသည့် ပဟေဠိဆန်ဆန် ကိစ္စကို ယခုအခါ ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။
ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့်
အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့်
အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က
YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော်
ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ရုပ်ရှင်အပိုင်းအစမှာ လုပ်ကြံဖန်တီးထားခြင်း
မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ရာ ပိုမို၍ ဇဝေဇဝါ ဖြစ်လောက်စရာ
အခြေအနေမျိုးထံ ဦးတည်လာသည်။
Subscribe to:
Posts (Atom)