စပိန်နိုင်ငံ Ibi မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်ခေါ် ဂျုံမှုန့်၊ ဆေးရောင်စုံအမှုန့်၊ ကြက်ဥ၊ မီးရှူးမီးပန်း၊ ဗြောက်အိုးစသဖြင့် အရာများဖြင့် မြို့ခံအချင်းချင်း အုပ်စုနှစ်စုခွဲ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသည့် ပွဲတော်မြင်ကွင်း။ Food Fight ဟူ၍လည်း ခေါ်တွင်သော ထိုပွဲတော်ကို Ibi မြို့လေးတွင် ၁၉၈၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
Els Enfarinats ဟုအမည်ပေးထားသည့် အဖွဲ့နှင့် La Oposicio ဟု အမည်ပေးထားသော မြို့ခံအဖွဲ့နှစ်ဖွဲ့တို့ကြား အပျော်သဘော တိုက်ခိုက်ကြခြင်းဖြစ်သည်။ ပွဲတော်ကျင်းပပုံမှာ အိမ်ထောင်ရှင်များ ပါဝင်သော Els Enfarinats အဖွဲ့က မြို့ကို တစ်ရက်ကြာ ထိန်းချုပ်ခွင့်ရပြီး ရယ်စရာကောင်းသော ဟာသဆန်ဆန် ဥပဒေများ ထုတ်ပြန်ကာ ချိုးဖောက်သူများကို ဒဏ်ငွေရိုက်သည်။
La Oposicio ဟု အမည်ပေးထားသည့် အဖွဲ့က Els Engarinats အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ပွဲတော်ပြီးဆုံးသည့်အခါ ဒဏ်ကြေးအဖြစ် စုဆောင်ရရှိသော ငွေများကို Ibi မြို့လေး၏ လူမှုရေးဆိုင်ရာ လှူဒါန်းမှုများအတွက် အသုံးပြုလေ့ရှိကြောင်း သိရှိရသည်။
ref : http://www.planet.com.mm
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။