
ကိုလူကောင်းကြီးများကို မိန်းမလှများက ခေါက်ထားပြီး ကိုလူဆိုးကြီးများနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပုံကို လူများမြင်ဖူးကြုံဖူးကြမည် ဖြစ်သည်။ လူဆိုးကြီးများ မြာစွံရပုံ အကြောင်းအရင်းကို ပညာရှင်များက သိရှိလိုသောကြောင့် လေ့လာခဲ့ရာ ယခုတော့ အကြောင်းအရင်း တချို့ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။
ဘာစီလိုနာ ဆေးရုံကြီးမှ ပညာရှင် တစ်စုသည် စွဲလမ်းလွန်စိတ်၊ ယုံမှားလွန်စိတ် ရှိသူများ အပါအ၀င် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်သူ အမျိုးသားနှင့် အမျိုးသမီး(၁၀၀၀) ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တချို့သော ကိုယ်ရည် ကိုယ်သွေး တချို့သည် ချစ်မှုရေးရာတွင် အောင်မြင်စေတတ်ကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။ အလေ့လာခံများ ချစ်သူ မည်မျှထားရှိခဲ့သည်၊ သားသမီး မည်မျှရရှိသည်၊ ရာထူးရာခံနှင့် ၀င်ငွေအဆင့်တို့ကို လေ့လာကြည့်ခဲ့ကြောင်း ဆေးရုံကြီးမှ ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။