
ကြက်တူရွေးများ စကား ပြောနိုင်သည့် အကြောင်းရင်းကို သိရှိရပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ကြက်တူရွေးများ၏ ဦးနှောက် အတွင်းတွင် တခြားငှက်များနှင့် မတူ ထူးခြားသည့် ဖွဲ့စည်းပုံ ရှိနေခြင်းကြောင့် လူသား၏ အသံကို တုပ ပြောဆိုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ကြက်တူရွေး ဦးနှောက် လှုပ်ရှားပုံများကို လေ့လာခြင်းဖြင့် လူစကား ပြောဆိုရာတွင် လှုပ်ရှားသော အာရုံကြော လှုပ်ရှားပုံ နည်းလမ်းများကိုပါ သိမြင် လာစေနိုင်ကြောင်း သိရသည်။
အဆိုပါ သုတေသနကို မြောက်ကာရိုလိုင်းနားရှိ ဒုခ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသန တွေ့ရှိချက်များကို Public Library of Science ONE ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။