တို့အကြား တိုင်းနှစ်ခု ၏ ထိစပ်မှုနေရာ ၊ ဧရာဝတီမြစ်ကမ်းပါး ပေါ်တွင် တည်ရှိသော
အကောက်တောင် မှာ ယခုအခါဘုရားဖူး ခရီးသွားများ စိတ်ဝင်စားမှုများပြားစွာ သွားရောက်
ကြသော ဒေသတစ်ခုဖြစ်လာခဲ့ပါသည်။

ထိုသည်မှာလည်း အခြားဒေသများတွင် တွေ့မြင်ရခဲလှသော ဧရာဝတီမြစ်ကမ်းပါးဘေးရှိ
တောင်ကမ်းပါးယံ၌ ဗုဒ္ဓရုပ်ပွားတော် အဆူဆူ ပုံတော် အမျိုးမျိုးဖြင့် ကြည်ညိုသပ္ပါယ်ဖွယ် ၊
အံ့သြချီးကြူးဖွယ်ကောင်းလောက်အောင် ထုဆစ်ထားမှုများကို ဖူးမျှော်နိုင်ကြသဖြင့်
ခရီးသွားများအဖို့ တစ်ကူးတစ်က သွားရောက် ဖူးမျှော်ကြရခြင်း ဖြစ်ပါသည်။

ပြည်မြို့မှ နေ၍ ဧရာဝတီမြစ်ကို န၀ဒေးတံတားမှ ဖြတ်သန်းပြီး အကောက်တောင်ရှိရာ
ထုံးဘိုမြို့သို့ တစ်နာရီကျော်လောက် ကားမောင်းသွားရပါသည်။ထုံးဘိုမြို့သို့ရောက်လျှင်
မြစ်ကမ်းဘေးရှိ မော်တော်ဆိပ်မှ မော်တော်များဖြင့် အကောက်တောင် ရှိရာသို့
ရေလမ်းခရီးမှ သွားရောက်နိုင်ပါသည်။