ယခု ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်(၇)ပါး စာရင်းကို New Open World Corporation (NOWC)
အဖွဲ့အစည်းမှ ဖောင်းဒေးရှင်းကို တည်ထောင်ပြီး ကမ္ဘာ့နေရာဒေသ အသီးသီးမှ
ပြည်သူများအား အင်တာနက် ၊ တယ်လီဖုန်းစသည်တို့မှ တဆင့်မဲပေးရွေးချယ်
ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော
အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ ကို စာရင်းပြုစုပြီး ရွေးချယ်ခိုင်းခြင်း
ဖြစ်ပါသည်။ရွေးချယ်ထားသောအထိမ်းအမှတ် ၂၀၀ မှနောက်ဆုံးဆန်ကာတင် ၂၁ ခုအား
၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အားကစားကွင်း တွင် နောက်ဆုံးရွေးချယ်ခဲ့သော အံ့ဖွယ်ခုနစ်ပါးအား အခမ်းအနားဖြင့်ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

new7wonders.com Website ကိုလည်းဖွင့်လှစ်ပေးထားပြီး
ဝင်ရောက်ကြည့်ရှု့နိုင်အောင် စီမံပေးခဲ့ပါသည်။
ယနေ့ခေတ်သစ် ကမ္ဘာ့အံ့ဖွယ်(၇)ပါး စာရင်းကို ကြည့်လိုက်ရအောင်နော်…
(၁)ဘရာဇီးနိုင်ငံမှ ခရစ်တော်၏ ရုပ်တုကြီး
Christ Redeemer: Rio de Janeiro, Brazil
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့ အနီးအနားရှိ Corcovado တောင် ၏ ထိပ်တွင် တည်ရှိသော
ကမ္ဘာကျော် ခရစ်တော်ရုပ်တုကြီး ဖြစ်ပါသည်။ အောက်ခံခုံ အပါအ၀င်
အမြင့် 38 meters ( ၁၂၄ ပေ ) အထိ မြင့်ပါသည်။ လက်နှစ်ဘက် ဆန့်တန်းထားသော
ပုံစံဖြစ်ပြီး လက်နှစ်ဖက်ထိပ် အကျယ်မှာ 28 metres ( ၉၂ ပေ ) ရှိပါသည်။
အလေးချိန်အားဖြင့် ၆၃၅ မက်ထရစ်တန် လေးပြီး ပေ ၂၃၀၀ မြင့်သော Corcovado တောင်ပေါ်မှ
ရီယိုဒီဂျနေရို မြို့ကို အပေါ်စီးမှ ကြည့်ရှု့နေသလို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
၁၉၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
ယခုအချိန်တွင်တော့ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ် များပြားစွာ သွားရောက်
လည်ပတ်တတ်သည့် နေရာတစ်ခု ဖြစ်ပါသည်။