ကမ်းခြေ တွေကိုပါ။ တမူထူးပြီး အရောင်တစ်မျိုးစီ ရှိကြတဲ့ ကမ်းခြေများကို
နေခရမ်း ၏ထုံးစံအတိုင်း စုစည်းတင်ပေးလိုက်ပါတယ်။
(၁)Punalu Beach, Hawaii

ကမ္ဘာကျော် ဟာဝိုင်ယီမှာ တည်ရှိပါတယ်။ ဒီကမ်းခြေရဲ့ထူးခြားမှုက
အမဲရောင် သဲသောင်ပြင်ဖြစ်နေလို့ပါ။ကျွန်းကြီး၏ အရှေ့ဘက် ခြမ်းတွင်
တည်ရှိပြီး ကမ္ဘာ့အံ့သြဖွယ်ကောင်းသော ကမ်းခြေများစာရင်းတွင် တစ်ခု
အပါအ၀င်ဖြစ်ပါတယ်။ အရောင်ရင့်တဲ့ မီးသင့်ကျောက်(မီးတောင်ချော်ကျောက်)
တွေကြောင့် အနက်ရောင် သဲတွေဖြစ်ပေါ်လာတာပါ။

(၂) Red Sand Beach, Maui

Maui ကျွန်းမှာ တည်ရှိတဲ့ ထူးထူးခြားခြား အနီရောင်သဲသောင်ပြင်ရှိသော
ကမ်းခြေတစ်ခုပါ။

(၃) Papakolea Beach, Hawaii

ဒီနေရာကိုအစိမ်းရောင် သဲ ကမ်းခြေ လို့သိကြပါတယ်။ ဟာဝိုင်ယီ ကျွန်းပေါ်တွင်
တည်ရှိတဲ့ သဘာဝ၏ဆန်းကြယ်မှုတစ်ခုပါပဲ။ကမ္ဘာပေါ်မှာ အစိမ်းရောင်
ဆန်တဲ့ သဲကျွန်းနှစ်ခုသာရှိပြီး ဒီသဲသောင်ပြင်က တစ်ခုအပါအ၀င်ပါ။

(၄) Pfeiffer Beach, USA

အမေရိကန်နိုင်ငံ ကာလီဖိုနီးယားမှာ တည်ရှိတဲ့ ခရမ်းနုရောင် သဲသောင်ပြင်ရှိတဲ့
ကမ်းခြေပါ။

(၅) Hyams Beach, Australia

Australia နိုင်ငံ၏ နာမည်ကျော် ကမ်းခြေတွေထဲက တစ်ခုပါ။
သူ့ရဲ့ထူးခြားချက်က ဆင်စွယ်ရောင် (သို့) အဖြူရောင် ရှိတဲ့ သဲသောင်ပြင်ပါ။
ကမ်းခြေတစ်ခုလုံး အဖြူရောင် အရှိဆုံး သဲပြင်တည်ရှိတဲ့ ကမ်းခြအဖြစ်
ဂရင်းနစ် စာရင်းဝင် ထားပါတယ်။
(၆) Pink Sand Beach, Bahamas

ဘဟာမားကျွန်းမှာ တည်ရှိတဲ့ ပန်းရောင် သဲသောင်ပြင် ကမ်းခြေပါ။

(၇) Ramla Bay,Island of Gozo,Malta

Malta နိုင်ငံ ၊ Gozo ကျွန်းကမ်းခြေတွင်ရှိသော သဲသောင်ပြင်ကို လိမ္မော်ရောင်
သဲသောင်ပြင်ရှိသော ကမ်းခြေအဖြစ် ကျော်ကြားပါတယ်။ဒီနေရာမှာ
သဲသောင်ပြင်ကြောင့်ရော ၊ ရှေးခေတ်ရောမလူမျိုးများ၏ ရှေးဟောင်း
အရာဝတ္ထုများ တည်ရှိနေမှုကြောင့်ပါ အလွန်စိတ်ဝင်စားဖွယ်
ကောင်းသောနေရာ တစ်နေရာ ဖြစ်ပါသည်။

(၈) Rockaway Beach, San Francisco

အမေရိကန်နိုင်ငံ ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကိုမြို့ နှင့်
မိုင်အနည်းငယ်အကွာတွင် တည်ရှိသော Rockaway Beach ရှိ
သဲသောင်ပြင်ကို အညိုရောင်ရှိသော သဲသောင်ပြင်အဖြစ် ကျော်ကြား
လူသိများကြပါသည်။

သူငယ်ချင်းတို့အတွက် ရသမျှကို ရှာဖွေတင်ပေးလိုက်ပါတယ်။ အခြားလှပပြီး
ထူးခြားတဲ့ ကမ်းခြေလေးတွေ အများကြီးရှိကြပါတယ်။ ရှာလို့ရရင် ထပ်တင်ပေး
ပါမယ်။ သူငယ်ချင်းတို့ ကျေနပ်သဘောကျရင် အပင်ပန်းခံရကျိုး နပ်ပါပြီ။
Nov 26, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။