ဘာဖြစ်လို့လဲ ဆိုတော့ ထင်ရှား ကျော်ကြားသူတွေဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အာမခံလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ လွိုက်အာမခံ လုပ်ငန်းဟာ သုတ်ပိုးကနေ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အထိ အာမခံလို့ ရအောင် ပြုလုပ်ပေးလေ့ ရှိပါတယ်။
လွိုက်အာမခံ လုပ်ငန်းဟာ နာမည်ကြီး အာမခံ လုပ်ငန်းစု ဖြစ်ပြီး လုပ်ငန်း တည်ထောင်တဲ့ နှစ်က (၃၂၇) နှစ်အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ လွိုက်အာမခံ လုပ်ငန်းဟာ ထူးခြားတဲ့ အာမခံတွေ အမြဲပြုလုပ်ပြီး စိတ်ဝင်စားမှု ရအောင် လုပ်လေ့ ရှိပါတယ်။ အာမခံ အမျိုးအစား အများအပြား ရှိနေတဲ့ အထဲက ထူးထူးခြားခြား အာမခံ တင်ထား သူတွေရဲ့အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။

၁။ မက်ဒေါနား
အသက် (၅၆) နှစ်ရှိနေပြီ ဖြစ်ပေမယ့် အောင်မြင်မူတွေ ရယူထားနိုင်ဆဲ ဖြစ်တဲ့ အဆိုတော် မက်ဒေါနားဟာ ထူးခြားတဲ့ ဖက်ရှင် စတိုင်တွေ အမျိုးမျိုး ထုတ်ခဲ့ပေမယ့် မပြောင်းလဲဘဲ ထားတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရင်သားပဲ ဖြစ်ပါတယ်။ ထင်ရှား ကျော်ကြားသူ အများစုဟာ ရင်သားတွေကို ခွဲစိပ်တတ်ကြပေမယ့် မက်ဒေါနား ကတော့ သဘာဝ အတိုင်းပဲ ထားလေ့ ရှိပါတယ်။
၁၉၉၀ ပြည့် ကာလတွေမှာတော့ မက်ဒေါနားရဲ့ ရင်သားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှတ်ချက် အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးပါတယ်။ မက်ဒေါနားဟာ ရင်သားကို ကတော့ပုံစံ ပြုလုပ်ထားတာကြောင့် ထင်မြင်ချက် မျိုးစုံ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ မက်ဒေါနားပာာ ရင်သားကို ဒီဇိုင်နာရဲ့အကူအညီနဲ့ လှပအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေမှာ ရွှေရောင် ဆံပင်၊ လှပတဲ့ ရင်သား၊ ထူးခြားတဲ့ ဖက်ရှင်စတိုင်တွေနဲ့ ဖမ်းစားခဲ့တဲ့ မက်ဒေါနားဟာ ပရိသတ်ကို လက်ရှိအချိန် အထိ ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ မက်ဒေါနားပာာ သူ့ရင်သားကို အလွန် တန်ဖိုးထားပြီး သဘာဝအတိုင်း ထားလေ့ ရှိပါတယ်။ ပိုပြီး ထူးခြားတာက မက်ဒေါနားပာာ ရင်သားကို ဒေါ်လာနှစ်သန်းနဲ့ အာမခံထားခြင်း ဖြစ်ပါတယ်။

၂။ ဂျနီဖာလိုပက်ဇ်
ဂျနီဖာလိုပက်ဇ် ဘာကို အာမခံထားသလဲ ဆိုတာ အားလုံးနီးပါး သိပြီးသား ဖြစ်ပါလိမ့်မယ်။ မင်းသမီး၊ အဆိုတော်၊ မော်ဒယ် စသည်ဖြင့် အနုပညာ လုပ်ငန်းတွေမှာ နေရာတစ်နေရာ အခိုင်အမာ ရယူထားတဲ့ ဂျနီဖာလိုပက်ဇ်ပာာ ဆွဲဆောင်မှု အရှိဆုံးသူ အဖြစ် သတ်မှတ် ခံထားရတာ ဖြစ်ပါတယ်။
အရပ် (၅ ပေ ၊ ၅လက်မ) ရှိပြီး အသက် (၄၅) နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမယ့် အောင်မြင်မှုကို ထိန်းသိမ်း နိုင်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်ဟာ အလှတရားမျိုးစုံ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျနီဖာလိုပက်ဇ်ကို လူပိုသိစေတာ ကတော့ တင်ပါးအလှပဲ ဖြစ်ပါတယ်။ ဂျနီဖာ လိုပက်ဇ်ပာာ သံစဉ်တွေနဲ့ အပြိုင် တင်ပါး အလှတရားကို ထုတ်ပြပြီး အားလုံးကို ဖမ်းစားခဲ့တာ ဖြစ်ပါတယ်။ ဘ၀တစ်လျှောက် အမျိုးသား ချစ်သူတွေ အများအပြား ရှိခဲ့ပြီး လက်ရှိ အချိန်မှာ ရင်သွေးနှစ်ဦးလည်း ရရှိနေပြီ ဖြစ်ပေမယ့် ဂျနီဖာလိုပက်ဇ် အလှတွေက ဆွဲဆောင်မူရှိဆဲ ဖြစ်ပါတယ်။
ဂျနီဖာလိုပက်ဇ်ဟာ အောင်မြင်မှုကို ရယူရာမှာ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ တင်ပါးကို ဒေါ်လာ (၂၇)သန်းနဲ့ အာမခံထားပါတယ်။ အလွန်များပြားတဲ့ အာမခံကြေး ဖြစ်ပြီး ဒီအကြောင်းကို မကြာခဏ ပြောဆိုတတ် သူတွေတောင် ရှိတဲ့အထိ အလွန် ကျော်ကြားခဲ့ပါတယ်။ ဂျနီဖာလိုပက်ဇ်ဟာ တင်ပါးအလှနဲ့ အောင်မြင်လာ ပြီးနောက် ချမ်းသာ ကြွယ်ဝမှုက ဒေါ်လာသန်း (၃၀၀) လောက် ရှိနေပါတယ်။

၃။ ဂျူလီယာရောဘတ်
မင်းသမီးကြီး ဂျူလီယာ ရောဘတ် ကတော့ သဘာဝ မင်းသမီး တစ်ဦး ဖြစ်တာကြောင့် ဘာကို အာမခံ ထားသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဂျူလီယာ ရောဘတ်ရဲ့ အလှပဆုံး နေရာက အပြုံးတွေ ဖြစ်ပြီး နှစ်လိုဖွယ် ကောင်းတဲ့ အပြုံးတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူလီယာ ရောဘတ်ဟာ ဟောလိဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံး ရရှိတဲ့ အနုပညာရှင်တွေထဲမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။ ပီးပဲလ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့ အလှပဆုံး (၅၀) ဦး စာရင်းမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသလို အမျိုးသား ကျန်းမာရေး မဂ္ဂဇင်းက ရွေးချယ်တဲ့ ဆွဲဆောင်မူ အရှိဆုံး အမျိုးသမီး (၁၀၀) ဦး စာရင်းမှာလည်း ပါဝင်ပါတယ်။
ဂျူလီယာ ရောဘတ်ကို ဒီလို ရွေးချယ်မှုတွေ ပြုလုပ်ရာမှာ အထင်ရှားဆုံး အမှတ်အသား တစ်ခုက အပြုံးတွေပဲ ဖြစ်ပါတယ်။ ဂျူလီယာ ရောဘတ်ရဲ့ အပြုံးတွေဟာ ဘယ်အချိန် ကြည့်ကြည့် လှပနေတာကြောင့် အလှပဆုံး အပြုံး ပိုင်ရှင်အဖြစ် သတ်မှတ် ခံထားရပါတယ်။
ဂျူလီယာ ရောဘတ် ကလည်း သူ့အပြုံးတွေကို တန်ဖိုးထား ပြီး လန်ဒန် အခြေစိုက် လွိုက်အာမခံမှာ ဒေါ်လာသန်း (၃၀) နဲ့ အာမခံထားရှိမှု ပြုလုပ်ထားပါတယ်။ အသက် (၃၀) နှစ်ရှိပြီဖြစ်တဲ့ အခြား သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အမေရိက ဖာရီရာဟာ သူ့ရဲ့ အပြုံးတွေကို ဒေါ်လာ (၁၀) သန်းနဲ့ အာမခံမှု ပြုလုပ် ထားတယ်လို့ သိရပါတယ်။

၎။ ဒန်နီရယ်ခရိတ်
ဂျိမ်းစ်ဘွန်း ဇာတ်ကောင် အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဒန်နီရယ် ခရိတ်ဟာ အမျိုးသမီးတွေ ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဒန်နီရယ်ခရိတ် ဟာ အက်ရှင် ဇာတ်ကားတွေမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်လေ့ရှိပြီး စတန့် ပြကွက်တွေ ကိုလည်း ကိုယ်တိုင် ပြုလုပ်လေ့ ရှိပါတယ်။
အခြား ဂျိမ်းစ်ဘွန်း မင်းသားတွေ ဖြစ်တဲ့ ရှောင်ကွန်နရီနဲ့ ပီယာ့စ် ဘရော့စ်နန် တို့ဟာ ဒန်နီရယ် ခရိတ်လိုမျိုး ပြုလုပ်လေ့ မရှိပါဘူး။ စတန့်ပြကွက်တွေဟာ အခန့် မသင့်ရင် ဆုံးရှုံး နစ်နာမှုတွေ ရှိလာနိုင်တာကြောင့် ဒန်နီရယ် ခရိတ်ဟာ သူ့ရဲ့ကိုယ်ခန္ဓာကို ဒေါ်လာ (၉ ဒသမ ၅) သန်းနဲ့ အာမခံ ထားတယ်လို့ သိရပါတယ်။
ဒန်နီရယ်ခရိတ်ပာာ Quantum Of Solace ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အတွက် အာမခံထားခဲ့ခြင်း ဖြစ်ပါတယ်။

၅။ ရော်နယ်ဒိုနဲ့ ဘက်ခမ်း
ရော်နယ်ဒိုနဲ့ ဘက်ခမ်းတို့ဟာ ထင်ရှား ကျော်ကြားတဲ့ ကစားသမားတွေ ဖြစ်ကြပြီး သူတို့ရဲ့တန်ဖိုးက အလွန် ကြီးတာကြောင့် သေချာတဲ့ အာမခံ စနစ်တွေ ပြုလုပ်ခဲ့ရပါတယ်။ ရီးရဲလ် အသင်းဟာ ရော်နယ်ဒိုကို မန်ယူ အသင်းကနေ ခေါ်ယူရာမှာ ဒေါ်လာ (၁၃၁) သန်း ပေးချေခဲ့ရပါတယ်။ ရော်နယ်ဒိုပာာ ရီးရဲလ်မှာ လုပ်ခ လစာ ငွေတစ်ခုတည်းနဲ့ ဒေါ်လာ (၁၈) သန်းကျော်လောက် ရနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲလ် အသင်းဟာ ရောနယ်ဒိုနဲ့ ပတ်သက်တဲ့ အာမခံကို သေချာ ပြုလုပ် ပေးထားပါတယ်။ ဘောလုံးကစားသမား တစ်ဦးအတွက် ခြေထောက်တွေက အလွန် အရေးကြီးတာကြောင့် ရောနယ်ဒိုဟာ ခြေထောက် အာမခံကို ဒေါ်လာ (၁၄၄) သန်းနဲ့ ပြုလုပ်ထားပါတယ်။
ရော်နယ်ဒိုဟာ ဂိုးသွင်းကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ပြိုင်ဘက် ကစားသမားတွေရဲ့ တိုက်ခိုက်မယ့် အရေးကနေ ရှောင်နိုင်ဖို့ များပြားတဲ့ အာမခံကြေး ထားရှိခဲ့တာ ဖြစ်ပါတယ်။
အသက် (၃၉) နှစ် ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမား ဘ၀က အနားယူ သွားခဲ့ပြီ ဖြစ်ပေမယ့် ထင်ရှားသူ အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ များပြားတဲ့ စပွန်ဆာ စာချုပ်တွေကြောင့် ၀င်ငွေ အကောင်းဆုံးသူ အဖြစ် ရပ်တည်နေဆဲ ဖြစ်တဲ့ ဘက်ခမ်းဟာ မန်ယူ၊ ရီးရဲလ်၊ ပီအက်စ်ဂျီနဲ့ အယ်လ်အေဂ လက်ဇီ အသင်းတွေမှာ ပါဝင်ကစားပြီး အောင်မြင်မူတွေ အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဘက်ခမ်းဟာ ၂၀၀၆ မှာ သူ့ရဲ့ခြေထောက်ကို ဒေါ်လာသန်း (၆၀)နဲ့ အာမခံထား ရှိခဲ့ဖူးပါတယ်။ ထင်ရှား ကျော်ကြားသူ အများအပြားဟာ ခြေထောက်တွေကို အာမခံ ထားရှိထားကြပြီး အဆိုတော် ရီဟာနားကလည်း သူ့ခြေထောက်ကို ဒေါ်လာတစ်သန်းနဲ့ အာမခံ ထားရှိထားတယ်လို့ သိရပါတယ်။

၆။ ကိသ်ရစ်ချတ်
နာမည်ကျော် ရိုလင်းစတုန်း တေးဂီတ အဖွဲ့ဝင်ဖြစ်တဲ့ ကိသ်ရစ်ချတ်ဟာ ဂီတာ တီးခတ်ရာမှာ တစ်ဖက်ကမ်း ထူးချွန်သူ ဖြစ်ပါတယ်။ အကြီးကျယ်ဆုံး ဂီတာသမား (၁၀၀) ဦးစာရင်းမှာ နံပါတ် (၄) နေရာမှာ ရှိနေပါတယ်။ ကိသ်ရစ်ချတ်ရဲ့ ထူးခြားတဲ့ ပါရမီ၊ အခြား အဖွဲ့ဝင်တွေ ရဲ့ အရည်အချင်းတွေကြောင့် ရိုလင်းစတုန်း အဖွဲ့ဟာ အောင်မြင်မှုတွေ ရရှိနေခြင်း ဖြစ်ပါတယ်။
ရိုလင်းစတုန်း ဖန်တီးထားတဲ့ သီချင်းတွေဟာ အကြီးကျယ်ဆုံး သီချင်းတွေ အဖြစ် အသိအမှတ် ပြုခံထားရခြင်း နောက်ကွယ်မှာ ကိသ်ရစ်ချတ်ဟာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ အသက် (၇၁) နှစ်ရှိပြီဖြစ်တဲ့ ကိသ်ရစ်ချတ်ဟာ ဘ၀တစ်လျှောက်လုံး ဂီတာကို စွဲလန်းစွာ တီးခတ်သူ ဖြစ်ပြီး သူ့ရဲ့လက်တွေ အတွက် ဒေါ်လာ (၁ဒသမ ၆) သန်းနဲ့ အာမခံ ထားရှိခဲ့ပါတယ်။
တေးဂီတ အဖွဲ့တွေထဲမှာ နောက်ထပ် ထူးထူး ခြားခြား အာမခံထားသူကတော့ ဗန်ဟာလန် အဖွဲ့က အဆိုတော် ဒေးဗစ်လီရုသ် ဖြစ်ပြီး သုတ်ရည်ကို ဒေါ်လာတစ်သန်းနဲ့ အာမခံထားခြင်း ဖြစ်ပါတယ်။ မိန်းမရှုပ်သူလို့ နာမည်ကြီးတဲ့ ဒေးဗစ်လီရုသ်ဟာ ထူးခြားတဲ့ အာမခံကို ထားရှိခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
Credit : messengernewsjournal .com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။