ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ
ပြင်ပမှပယောဂမပါပဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက်
မီးလျှံများ အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်
မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို သိပ္ပံပညာရှင်များက သေသေချာချာ
လေ့လာထားပြီး Sloontaneous Human Combution (SHC)ဟု
အမည်ပေးထားပါတယ်။အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု
ထင်စရာရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ
နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ အလိုအလျောက်
မီးလောင်ကျွမ်းမှုအဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားခဲ့ကြ
ပါတယ်။အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည် ယနေ့ အထိ
ဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။နီးနီးစပ်စပ်အဖြစ်များနှင့်
ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။
၁၉၃၈ ခုတွင် အင်္ဂလန်နိုင်ငံ | နော်ဖို့ မြို့ ကမ်းလွန်တွင် မေရီကာပင်တာ
ဆိုသူအမျိုးသမီးသည် မော်တော်ဘုတ်ပေါ်တွင် ခင်ပွန်း သားသမီးများ
နှင့်အတူ မတ်တပ်ရပ်နေပါတယ်။ထိုအချိန်တွင်ရုတ်တရက် မေရီကိုယ်ပေါ်
မှမီးတောက်မီးလျှံများထွက်လာပါတယ်။မိသားစုဝင်များသည် မကြုံဖူး
သဖြင့် အံ့သြကာကြောင်၍ကြည့်နေမိကြပါတယ်။သတိဝင်ပြီးမီးငြိမ်းသတ်
ရန်လုပ်ချိန်တွင်တော့ မေရီတစ်ယောက်မှာ ပြာတောင်ကျသွားရှာပါပြီ။
အဖြစ်အပျက်မှာလျှင်မြန်လွန်းလှပါတယ်။ထိုသို့ လောင်ကျွမ်းရာတွင်လည်း
အနီးရှိမိသားစု တစ်ဦးတစ်ယောက်မှ လောင်ခြင်း ကူးစပ်ခြင်းမျိုးလုံးဝမရှိပဲ
မေရီတစ်ဦးတည်းသာလောင်ကျွမ်းပြာကျသွားခြင်းဖြစ်ပါတယ်။