Thursday, October 11, 2012

သင်္ဘောတစ်စင်း နောက်မှနေ၍ လူအများဆုံး ရေလွှာလျှောစီးကာ ကမ္ဘာ့စံချိန်တင်

 
တက်စမေးနီးယားရှိ မက်ကွာရီဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ဆွဲလာသည့် နောက်မှနေ၍ လူပေါင်း၁၄၅ဦး ရေလွှာလျှောစီးလျက် လိုက်ပါလာကာ ယင်းသို့ပြုလုပ်သည့် လူအများဆုံးအဖြစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ မူလက ၁၅၄ဦး လိုက်ပါလာသော်လည်း ကံမကောင်းအကြောင်း မလှစွာပင် ကိုးဦးမှာ ခရီးဆုံးအထိ လိုက်ပါလာနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ သူတို့သည် မြင်းကောင်ရေ ၃ဝဝဝအားရှိ အင်ဂျင်တပ်ဆင် ထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးစာရင်းဝင် အီးဂဲလ်အမည်ရှိ သင်္ဘောနောက်မှ နေ၍ ရေမိုင်တစ်မိုင် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့စံချိန်တင်ရာ နေရာသို့ ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်ကာ တရားဝင် အသိအမှတ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှယဉ်ကျေးမယ် ဝရင်ရွေးမယ်


ဘရာဇီးနိုင်ငံတွင် ဇန်နဝါရီလ၃ဝရက်က ပထမဆုံးအကြိမ် ကျင်းပသည့် ''လှယဉ်ကျေးမယ်၊ ဝရင်ရွေးမယ်''ပြိုင်ပွဲတွင် MissAlyneZaccaniniက ပထမဆု ရရှိသွားသည်။ ပြိုင်ပွဲဝင်များထဲမှ Mirna Tardim နှင့် Adriana Santos တို့ကလည်း ခါးအတုတ်ဆုံးမယ်များ စာရင်းတွင် စံချိန်တင်သွားကြသည်။

အက်ကွဲကြောင်း ကြားမှနေ၍ ဇောက်ထိုးဆင်းပြကာ ကမ္ဘာ့စံချိန်တင်


ကျားသစ်နက်


လက်တင်အမေရိက၊ အာဖရိက၊ အာရှတို့မှာလည်း နေထိုင်ကျက်စား တတ်တဲ့ ကျားသစ် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တောနက်တွေထဲမှာလည်း နေထိုင်ကျက်စားတတ်တဲ့ ကျားသစ်များ ဖြစ်ပါတယ်။
အရောင်အဆင်းအားဖြင့် နက်မှောင်ထူးခြားသလို သူ့ရဲ့ အခြား အသွင် အပြင် သဘာဝ
များလည်း ထူးခြားပါတယ်။ အရေခွံ တစ်ပြင်လုံး မဲနက်တာမျိုးမဟုတ်ပဲ အနက်ရောင်နဲ့ ရွှေရောင် ရော ကတီပါသားလို ပြောင်လက်နေပါတယ်။သာမန် ကျားသစ်များထက် ပိုမို သန်မာပြီး စွမ်းအင်လည်း ပိုမိုကြီးမားပါတယ်။ ရှားပါး ကျားသစ်မျိုး ဖြစ် ပါတယ်။ တိုင်းရင်းဆေးဖက်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် တောလိုက်သူ များ အလွန်မက်မောတဲ့ တိရစ္ဆာန်စာရင်းဝင် ဖြစ်ပါတယ်။
ယခုတော့ ကျားသစ်နက်ဟာ အတွေ့နည်းတဲ့ မျိုးစိတ်ဖြစ်လာပြီး ရှားပါး မျိုးစိတ် စားရင်းဝင် ကျားသစ် ဖြစ်လာတယ်လို့ သိရပါတယ်။
Ref:unusualfact
facebook မှ international news for myanmar

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်

ယနေ့ထက်ထိတိုင် ကမ္ဘာ့အမြန်ဆုံးလူသား အဖြစ် စံချိန်တင်ထားနိုင်သေးတဲ့ ဂျမေကာနိုင်ငံသား Usain Bolt (အူစိန်ဘော့) ကို အမေရိကန် National Science Foundation မှ သိပ္ပံနည်းကျ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ မြန်ရတဲ့ အကြောင်းအရင်း အကြမ်းဖျင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အရပ်က ၆ပေ ၅ လက်မရှိပြီး သာမန်အပြေးသမားတွေထက် အရပ်ရှည်သလို၊ ခြေတံလည်း ပိုရှည်ပါတယ်။ ဒါကြောင့် ပျမ်းမျှ ခြေလှမ်း ၄၄ ခါ လှမ်းရမယ့်အစား ၄၁ လှမ်းပဲ လှမ်းရပါတယ်။ နောက်တစ်ချက်က ဦးနောက်မှ အာရုံကြောစနစ် ပို့လွတ်မှု ဖြစ်ပါတယ်။ အူစိန်ဘော့ရဲ့ ဦးနှောက် အာရုံကြောနဲ့ ဘော်ဒီ ကြွက်သားများ ဆက်စပ်ထားမှုဟာ သာမန်လူလို ပဲ ဖြစ်ပေမယ့် လုပ်ဆောင်ချက်ကျတော့ သာမန်လူတွေ ထက် မြန်ဆန် ပါတယ်။ ခန္ဓာကိုယ်ဆိုတာ ဦးနှောက်စေခိုင်းမှု အတိုင်း လုပ်ရတာ ဖြစ်ပါ တယ်။ တစ်တစ်ချက်မှာလည်း အူစိန်ဘော့က သာသွားပါတယ်။

ကျန်တာကတော့ အပြေးသမားတိုင်းပိုင်ဆိုင်ထားတဲ့ အဆုပ်လေစွဲငင်အား၊ အမောခံနိုင်မှု၊ သန်မာမှုတို့ လိုပဲ ဖြစ်ပါတယ်။ အဓိက အားသာချက်အနည်း ငယ် ကြောင့် အူစိန်ဘော့ဟာ ယနေ့တိုင် ကမ္ဘာ့ အမြန်ဆုံး လူသား အဖြစ် နံပါတ် ၁ ရှိနေရခြင်း ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားမှထူးထူးခြားခြားအဖြစ်အပျက်များ

လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့
အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကိုကြားပြီး တော်တော်သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံးဝမရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။

Wednesday, October 10, 2012

လမ်းလျှောက်သောသစ်ပင်

 Socratea exorrhiza
 
သစ်ပင်တစ်ပင်ဟာတစ်နေရာကနေ တစ်နေရာကိုပြောင်းပြီးပေါက်ရောက်
နိုင်တယ်ဆိုတာ ဒီအပင်ကသက်သေပြပါတယ်။အပင်မျိုးပွားပြီးပေါက်တာ
အပင်ခွဲပေါက်တာမဟုတ် ပဲ အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက်
ပြောင်းပြီးပေါက်တာပါ။လမ်းလျှောက်တတ်သော သစ်ပင်ဆိုကြပါတယ်။
Related Posts Plugin for WordPress, Blogger...