Tuesday, October 16, 2012
နေမုန်တိုင်းကြောင့် ကောင်းကင်တစ်ခွင် ဝင်းထိန်သွားခဲ့
ဇန်နဝါရီလ၂၃ရက်က တိုက်ခတ်ခဲ့သော နေမုန်တိုင်းကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ကောင်းကင်ပြင်တွင် ဝင်းထိန်သွားခဲ့သည်။ ယင်းနေမုန်တိုင်းက ပြီးခဲ့သည့် ခြောက်နှစ်အတွင်းမှာ အကြီးမားဆုံး စံချိန်တင်သည့် နေမုန်တိုင်းဖြစ်သည်။ 'ဒီမုန်တိုင်းဖြစ်သွားတာ မယုံနိုင်စရာပါပဲ'ဟု ဗြိတိန်နိုင်ငံသား အာကာသယာဉ်မှူး ဂျွန်မေဆန်က ပြောကြားလိုက်သည်။' ကျုပ်ဒီလိုမျိုး ဖြစ်တာကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၎ဝလောက် ကတည်းက တွေ့ဖူးတယ်။ အခုတစ်ခေါက် တွေ့ရတာကတော့ အကြီးကျယ်ဆုံး နေမုန်တိုင်းပဲ'ဟု ယင်းကဆက်လက် ရှင်းပြသွားသည်။
ဘယ်သူဂိုးဖမ်းမလဲ မီးအုန်းသီးလုံးဘောပွဲ
ဘောလုံးပွဲအကြောင်းသုံးသပ်ကြေငြာသူတွေအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြိတ်
အနယ် ယှဉ်ပြိုင်ကစားကြပုံတွေကို အားပါးတရကြေငြာပြောကြားလေ့ ရှိကြပါတယ်...
သို့ သော်လည်း တစ်ကယ့် အဆင့် မြင့် ဘောလုံးကစားသမား ဂယ်ရီလီနီကာနဲ့ အန်ဒီဂရေး တို့ 
အနေနှင့် အကယ်၍သာအင်ဒိုနီးရှားနိုင်ငံမှ ဤဘောလုံးပွဲမျိုးတွင်ပါဝင်ယှဉ်ပြိုင်ကစားရပါက၎င်း
တို့ အနေဖြင့် ထိုကစားသမားများနှင့် ခြေရည်တူကန်နိုင်မှာမဟုတ်ဘူးဆိုတာ သိသွားကြမှာအ
အသေအချာပါပဲ....
ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်ထားသော ကမ္ဘာ့အကြီးဆုံး ပန်းချီကား
အိန္ဒိယရိုးရာ ပန်းချီလက်ရာ တစ်ခုဖြစ်သော ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်လိုက်သည့် ကမ္ဘာ့အကြီးဆုံး ပန်းချီကားကြီးကို ကျောင်းသား၂ဝဝခန့်က အိန္ဒိယနိုင်ငံရှိ SiLing အထက်တန်းကျောင်းတွင် ဇန်နဝါရီလ ၂၉ရက်က ခင်းကျင်း ပြသခဲ့ကြသည်။ ၂၅မီတာ(၈ဝပေ)ခန့်  ရှည်လျားသည့် ယင်းပန်းချီကားကို စပါးများဖြင့် အဓိကသရုပ်ဖော်ထားပြီး ရောင်စုံခြောက်မျိုး ခြယ်သရန်အတွက် ဂျုံသုံးတန်ခွဲ အသုံးပြုခဲ့ရသည်။ ဟိန္ဒူရိုးရာနှစ်သစ်ကူး ကောက်ရိတ်သိမ်း ပွဲတော်အတွက် ကျောင်းကိုးကျောင်းမှ ကျောင်းသားလေးများက ယင်းအနုပညာလက်ရာကို ပူးပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ref: ပြည်မြန်မာ
တရုတ်ကလေး ငယ်လေးက ကြိုးတန်းပေါ်မှ လမ်းလျှောက်ပြ
တရုတ်နိုင်ငံ Ningbo မြို့ရှိ ရှော့ပင်းစင်တာတစ်ခုတွင် အသက် ခြောက်နှစ်အရွယ်ကလေးမလေးက ကြိုးတန်းပေါ်မှ လမ်းလျှောက်ပြသောကြောင့် ဈေးသွားဈေးလာများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည်။
ref: ပြည်မြန်မာ
Sunday, October 14, 2012
သြော်...တစ်နှစ်ကြီးပြန်ပါပြီ..(.မွေးနေ့ အမှတ်တရ)
အခုဆိုရင်ည ၁၂ နာရီကျော်လို့ တစ်ရက်ကူးပေမယ့်ကျွန်တော်
အတွက်တော့ အသက်တစ်နှစ်ကြီးသွားပါပြီ။
ကုန်လွန်ခဲ့တဲ့ ၂၉ နှစ်မှာ ဘာတွေကျန်ခဲ့သလဲ။ဘာတွေကိုရော
ချန်ထားခဲ့နိုင်သလဲ။
ကိုယ်သိတတ်တဲ့အချိန် ကစပြီးလုပ်ခဲ့တာတွေကိုပြန်ကြည့်မိတော့
တိမ်တိုက်တွေရယ် ၊ မြူခိုးတွေရယ် ကြီးပဲ။
ဖမ်းဆုပ်လို့ ရတာတွေက တကယ်ကို ရှားရှားပါးပါး ပါပဲ။
တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ လူဖြစ်ခဲ့ရတာကို ၀န်ခံရင်း
ကျန်ရှိတဲ့အချိန်တွေ ဘယ်လိုဖြတ်သန်းဖြစ်မလဲလို့ မျှော်ကြည့်ရင်း...
ဘာမျှော်ကိုးမှုမှမပါ။ငွေကုန်ခံ၊အချိန်ကုန်ခံ၊လူအပင်ပန်းခံပြီး
ညီငယ် ၊ ညီမငယ်တွေ အသိဖြစ်စေ ၊ စိတ်အပန်းဖြေမှုဖြစ်စေ
ရရှိဖို့ ရည်ရွယ်ခဲ့တာပါ။
အချိန်နှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာ အစဉ်ပြေရာဆိုဒ်တွေတစ်ခုပြီးတစ်ခု
ပြောင်းထောင်ရင်းနဲ့  အားပေးကြရင်ကျေနပ်ပီတိ ဖြစ်ရပေမယ့်
ဝေဖန်ခံရပြန်တော့လဲ ကျသွားတဲ့စိတ်ဓာတ် ကြာရင်ပျောက်သွားမှာစိုးလို့ 
ကိုယ့်ဟာကို ပြန်ဆွဲတင်ရင်း ၊ မာန်တင်းရင်းဖြင့် ချီတက်နေရတာပါ။
အနဲဆုံးတော့ တစ်ခုခုရတယ်ဆိုရင်ကျေနပ်ပါပြီ....
သူငယ်ချင်းတို့ ဒီဆိုဒ်လေးကိုပြန်လည် share ပေးရင်းဖြင့်ကူညီကြပါနော်...
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
ထူးခြားလှပသောတောင်ပေါ်မြို့ ကလေး(video)
youtube ကနေကြည့်လိုက်ကြပါအုံး...
အမှတ်တမဲ့အလွဲမျာ(၁၃)
အမှတ်တမဲ့တွေ့ ရတဲ့အလွဲလေးတွေလာပါပြီ...
ဟင်...ဘယ်သူကသွားရဲမှာလဲနော်...
တော်လိုက်တဲ့အင်ဂျီနီယာ...
"လျှပ်စစ်နဲ့ ဆောက်လုပ်ရေး ဋ္ဌာနမတူဘူးကွ"
Related Posts Plugin for WordPress, Blogger...