Saturday, October 20, 2012
သွေးဖြင့်ရေးခဲ့သည့် ပန်းချီလက်ရာများ
ပန်းချီပညာရှင်အများစုသည် ၎င်းတို့၏ ပန်းချီအနုပညာလက်ရာများကို ရောင်စုံဆေးများဖြင့်သာ ခြယ်မှုန်းကြသော်လည်း နယူးယောက်မြို့ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ၎င်း၏သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ပေါင်းစပ်ရေးဆွဲထားသော ပန်းချီကားများကို အောက်တိုဘာ ၄ရက်နေ့မှစတင်၍ နယူးယောက်မြို့ မက်ဟန်တန်ရပ်ကွက်တွင် ဖွင့်လှစ်ပြသသွားခဲ့သည်။ အသက်၃၀အရွယ်ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ယင်းပန်းချီကားများကို ဆယ်နှစ်ကျော်အချိန်ယူပြီး ရေးဆွဲခဲ့သည်။ ထိုသို့၎င်း၏သွေးများ အသုံးပြုရေးဆွဲခြင်းဖြင့် ပန်းချီကားများကို ၎င်း၏ စိတ်ဆန္ဒ နောက်ဆုံးအဆင့်အထိ ရောက်ရှိရန်ပန်းချီ အနုပညာလက်ရာများကို ဖန်တီးရေးဆွဲနိုင်ခဲ့ကြောင်း ကက်စတီဂီလာက တွေ့ဆုံမေးမြန်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ လူ၏သွေးများတွင် Ironoxideဓာတ်ပါဝင်မှုရှိပြီး ရှေးခေတ်ဂန္တ၀င် ပန်းချီလက်ရာများတွင်လည်း Ironoxideကြောင့် သံချေးတက်ခြင်းကဲ့သို့ ဓာတ်ပြုမှုများကို တွေ့ရှိရကြောင်းဂီလာက ဆက်လက်ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ
အသက်အကြီးဆုံး စုံတွဲကအာဖရိက၏ အမြင့်ဆုံးတောင်ကို အတူတက်ကြ
 ဆွစ်ဇာလန်နိုင်ငံမှ အသက် ၈၄နှစ်ရှိပြီဖြစ်သည့် အီစတာနှင့် အသက်၈၅နှစ်ရှိပြီဖြစ်သည့် မာတင်ကဖာတို့က အာဖရိက၏ အမြင့်ဆုံးတောင်ဖြစ်သည့် ကီလီမန်ဂျေရိုတောင်ကို တက်ပြခဲ့သည်။ ယင်းတောင်မှာ အမြင့်ပေ ၂၀၀၀၀ခန့် (၆၀၀၀ မီတာခန့်) မင့်မားသည်။ ယင်းစုံတွဲနှစ်ဦး တောင်ကိုအတူတက်နိုင်ရန် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သော AlzhemierSocietyအဖွဲ့က ကန်ဒေါ်လာသုံးသိန်းကျော် မတည်ပေးခဲ့သည်။
ref: ပြည်မြန်မာ
ဘက်ကင်ဟန်နန်းတော်ပုံစံတူအား မီးခြစ်ဆံပေါင်း ၃၉၀၀၀ဖြင့်ပြုလုပ်
 ဗြိတိန်နိုင်ငံတွင် မီးခြစ်ဆံပြုလုပ်သူပညာရှင် ၀ီလျံမွာဆိုသူသည် ဗြိတိန်ဘုရင်မကြီး၏ ဘက်ကင်ဟန်နန်းတော်နှင့် တစ်ပုံစံတည်းတူသည့် ငါးပေရှည်သော နန်းတော်ပုံစံကို မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့သည်။ ၁၉၅၇ခုနှစ်က ဘုရင်မကြီး၏အိမ်တော်စိုးထံမှ နန်းတော်ကြီး ဆောက်လုပ်ထားသည့်ပုံစံကို တောင်းယူပြီး ၀ီလျံမွားက မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Thursday, October 18, 2012
သဲထိပ်ရင်ဖိုအစွမ်းပြကြသူများ
ဒီတစ်ခါအများနှင့်မတူတစ်မူထူးပြီးအစွမ်းပြကြသူတွေကိုတင်ပေးပါမယ်။
ဒီပုံတွေကိုမူရင်းဆိုဒ်မှာတော့ photoshop နှင့်ဖန်တီးထားခြင်းမဟုတ်
ကြောင်း ပြောထားပါသည်။သူငယ်ချင်းတို့ ကြည့်ပြီးဆုံးဖြတ်နိုင်ပါသည်။
ဒီကျောက်တုံးပေါ်တက်ပြီးဓာတ်ပုံအရိုက်ခံကြပုံတွေကိုတင်
ကမ္ဘာကျော်ခဲ့သော အလွဲများ
Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
Tuesday, October 16, 2012
ရွှေ၊ ပတ္တမြားတို့နှင့် တန်ဆာဆင်ထားသည့် မာစီဒီးကား
[Image: adxikvXp.jpg]
ဆွစ်ဇာလန်နိုင်ငံမှ အူလီအန်လစ် ကာဆိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သည် ရွှေ၊ ပတ္တမြားစသည့်ကျောက် မျက်ရတနာများနှင့် တန်ဆာဆင်ထား သည့် Mercedesကုမ္ပဏီထုတ်
"Anliker McLaren SLR 999 Red Gold" အမည်ရှိ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြင့်ရောင်းချ သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ထူးခြားသောရုပ်ပုံများ ဖြစ်ပေါ်စေရန် ကြည့်မှန်များကို အသုံးပြု
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဗဟိုပန်းခြံအတွင်းတွင် အဆောက်အအုံ ပတ်ချာလည်မှ  ပုံရိပ်များကို အချိုးဖျက်ကာ ဖြစ်ပေါ်စေမည့် ကြည့်မှန်စနစ်တစ်မျိုးကို အသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါပန်းခြံသို့ မူလတန်းကလေးများ အလည်လာတတ်ရာ ဂရပ်ဖစ်တီဟုခေါ်သော ကြုံရာကျပန်းအရုပ်များ ရေးခြစ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက MLRPကုမ္ပဏီအား တာဝန်ပေးခဲ့ရာတွင် အဆောက်အအုံ ပတ်ချာလည်၌ ယင်းကဲ့သို့ ကြည့်မှန်များ တပ်ဆင်သည့်စနစ်အား တီထွင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...