ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံအတွင်း အကျဉ်းမြောင်းဆုံး အဆောက်အအုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုအဆောက်အအုံ၏ အလျားအကျယ်အ၀န်းမှာ သုံးပေသာရှိသည်။ ထိုအဆောက်အဦးအား အစ္စရေးစာရေးဆရာ အဲလ်ကာကရစ် နေထိုင်မည့်အိမ်ဖြစ်ပြီး ထိုအဆောက်အအုံလက်ရာမှာ အနုပညာပုံဖော်ဖန်တီးမှု (InstallationArt) ပုံစံတစ်မျိုးအဖြစ်လည်း ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
နေခရမ်း....
|
Sunday, October 28, 2012
ဥရောပနိုင်ငံ၏ အကျဉ်းဆုံးအဆောက်အအုံ ဖွင့်လှစ်
ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံအတွင်း အကျဉ်းမြောင်းဆုံး အဆောက်အအုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုအဆောက်အအုံ၏ အလျားအကျယ်အ၀န်းမှာ သုံးပေသာရှိသည်။ ထိုအဆောက်အဦးအား အစ္စရေးစာရေးဆရာ အဲလ်ကာကရစ် နေထိုင်မည့်အိမ်ဖြစ်ပြီး ထိုအဆောက်အအုံလက်ရာမှာ အနုပညာပုံဖော်ဖန်တီးမှု (InstallationArt) ပုံစံတစ်မျိုးအဖြစ်လည်း ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အထပ်မြင့်တိုက်များကို သစ်သားများသုံးပြီး ဆောက်လုပ်ထား
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှစေရန်နှင့် ရေရှည်ဒဏ်ခံနိုင်ရန် သစ်သားများကို အများဆုံးသုံးထားသော အထပ်မြင့်တိုက်များအား နိုင်ငံတကာတွင် ဆောက်လုပ်လာကြပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးလာစေသည့် ခေတ်ပေါ်အဆောက်အအုံများဖြင့် ပြည့်နှက်နေသော လန်ဒန်ကဲ့သို့နေရာမျိုး၌ပင် ကိုးထပ်မြင့်သည့် သစ်သားအဆောက်အအုံများအား ဆောက်လုပ်ထားပြီဖြစ်သည်။
ဓာတ်ပုံများကို အများဆုံး စုစည်းပြီး သရုပ်ဖော်
ကမ္ဘာ့မြင်ကွင်းနေ့အား ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ပုံပေါင်း ၁၇၆၇၅၀ကို တစုတစည်းတည်း စုစည်းပြီး မျက်လုံးပုံစံ သရုပ်ဖော်ခဲ့ကြသည်။ ယင်းဓာတ်ပုံများကို စုစည်းပုံဖော်ထားသော သရုပ်ဖော်ပုံမှာ စတုရန်းပေ ၂၁,၆၄၅ (စတုရန်းမီတာ၂၀၁၀)အထိ ရှိခဲ့သောကြောင့် ဂင်းနက်စ်ဓာတ်ပုံများကို အများဆုံး စုစည်းပြီး သရုပ်ဖော်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။မျက်လုံးပုံစံ သရုပ်ဖော်ပြခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်လွှားမှ အမြင်အာရုံခိျု့တဲ့သူများအား စာနာသောအားဖြင့်ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားအား ဦးဆောင်သူများက ရှင်းပြသည်။
ref: ပြည်မြန်မာ
အကြောင်းအရာ
ထူးဆန်းအကြောင်းအရာများ,
ထူးထူးခြားခြားအနုပညာ
တောင်ကိုရီးယားနိုင်ငံက ထူးဆန်းအံ့ ဖွယ် ကျွန်းနှင့် ပင်လယ်
နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်…
တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံ့ သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်…
ကမ္ဘာ့အကြီးကျယ်ဆုံး ဖောက်ထွင်းခိုးယူမှု
Saturday, October 20, 2012
သြစတြီးယား လူစွန့်စား ပြင်သစ်တောင်ထွတ်နှစ်ခုကြား အကူပစ္စည်းမပါဘဲ ကြိုးတန်းလျှောက်ပြခဲ့
သြစတြီးယားနိုင်ငံမှ လူစွန့်စား မက်ကီမီတာဆိုသူသည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဗာဒွန်ဂျော့ရှ်တောင်တန်းရှိ တောင်ထွတ်နှစ်ခုကြား သွယ်တန်းထားသော ကြိုးတန်းပေါ်တွင် မည်သည့်အထောက်အကူပြု ကိရိယာများ မပါဝင်ဘဲ လျှောက်ပြခဲ့ကြောင်း အောက်တိုဘာ၉ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက်၂၃နှစ်အရွယ်ရှိ မက်ကီမီတာသည် ပေ၆၅၀အမြင့်ရှိ အဆိုပါ တောင်ထွတ်နှစ်ခုကြား မကြောက်မရွံ့ကြိုးတန်း လျှောက်သွားခဲ့ပုံကို ဝေးလ်နိုင်ငံသား ဓာတ်ပုံဆရာ ပီထရိုပီမန်တန်က အမိအရ ဓာတ်ပုံရိုက်ကူးထားခဲ့သည်။
ဒဏ္ဍရီ ထဲကနေရာလေး (video)
ဒဏ္ဍရီ ထဲကနေရာလေး ပိုစ့်ရဲ့  video ဖိုင်လေးပါ။
Subscribe to:
Posts (Atom)