Monday, November 5, 2012

အင်ဒိုနီးရှား၌ ရုပ်ရှင်ကားထဲကအတိုင်း တံတားကိုဖြတ်ကူးကာ ကျောင်းတက်နေရ










အင်ဒိုနီးရှားနိုင်ငံ လီဘက်ဒေသတွင် ကျောင်းတက်ရသော ကလေးငယ်များ သည်လည်းကောင်း၊ အလုပ်သွားကြရသော လူကြီးများသည် လည်းကောင်း၊  ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် နာမည်ကျော် အင်ဒီယာနာဂျုန်း ရုပ်ရှင်ကားထဲတွင် ပါဝင်ခဲ့ဖူးသော စတန့်ပြကွက်မျိုး ကဲ့သို့ မြစ်ကို အသည်းယားဖွယ် ပုံစံမျိုးဖြင့် နေ့စဉ်ဖြတ်ကူးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သစ်သားနှင့် ဝါယာကြိုးများ တွဲလောင်းဆွဲထားသော တံတားဟောင်း တစ်ခုမှနေ၍ ငါးနှစ်အထိ ငယ်သော ကလေးများသည် ပင်လျှင် စီဘာရန်းမြစ်ကို နေ့စဉ်တွဲလောင်းခိုကာ ဖြတ်ကူးနေရကြောင်း သိရသည်။

ကမ္ဘာ့အရှည်ဆုံး တံတားခုံးကို ချုံကင်း၌ တည်ဆောက်ထား


ချုံကင်း ချောင်ရှန်မန် ယန်စီမြစ်ကူးတံတားသည် ယန်စီမြစ်နှင့် ကျာလင်းမြစ်ပေါ်၌ တည်ရှိပြီး အပိုင်းသုံးပိုင်း ပါဝင်ကာ စုစုပေါင်းအလျား ၁၇၄၁ မီတာ(၅၇၁ဝပေခန့်)ရှိသည်။ အဆိုပါတံတား တည်ဆောက်မှုအတွက် ယွမ်ငွေ ၃ ဒသမ ၂ဘီလျံ(အမေရိကန် ဒေါ်လာ ၄၆၈ ဒသမ၅ သန်း )ကုန်ကျခဲ့သည်။ အဆိုပါတံတားသည် ယန်စီမြစ် နှစ်ဘက်ကမ်းစလုံးရှိ  မြို့ပြစီးပွားရေး အချက်အချာဒေသများကို ဆက်သွယ်ပေးထားသည့် အရေးပါဆုံးလမ်းကြောင်း တစ်ခုဖြစ်ကြောင်း သိရသည်။ယင်းသည် ကမ္ဘာ့အလျား အရှည်ဆုံး တံတားခုံးလည်း ဖြစ်သည်ဟု ဆိုသည်။

ဥရောပ၏ ရှေးအကျဆုံး မြို့တော် ဘူဂေးရီးယား၌ တူးဖော်တွေ့ရှိ


လန်ဒန် နိုဝင်ဘာ ၁
ဘူဂေးရီးယား နိုင်ငံတွင် ဥရောပ၏ သမိုင်း မတင်မီ ရှေးအကျဆုံး မြို့တော်အား တူးဖော် တွေ့ရှိ ခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များ၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မြို့တော်ကို တံတိုင်း များဖြင့် အခိုင်အမာ တည်ဆောက် ထားပြီး ပရိုဗာ ဒီယားမြို့ အနီးတွင် တည်ရှိသည်။ ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းသည်  ဆား အဓိက ထုတ်လုပ်သည့် နေရာ တစ်ခု ဖြစ်မည်ဟု သုတေသီ များက ခန့်မှန်း ထားသည်။

တကယ့်ပင်ကူ လာသားက ကောင်းကင် ကြိုးတန်းသွား ကားလမ်းပေါ်သို့ တက်ပြ

 
စတီဖင်ဆိုင်ဂရစ် (၃၉နှစ်)သည် ဆွစ်ဇာလန်နိုင်ငံရှိ ဂရင်ဆယ်ဝစ်တောင် တန်းပေါ်တွင် ကောင်းကင်ကြိုးတန်းသွား ကားလမ်းကြိုးပေါ်၌ ပုဆိန်ကိုသာ အသုံးပြုလျက် သွားပြခဲ့ကြောင်း သိရသည်။
 

ဘော်စတွန်မြို့ရှိ အဏ္ဏဝါ ပြတိုက်၌ နှစ်ရောင်စပ် ကျောက်ပုစွန် တစ်ကောင် ပြသထားရှိ












ဝါရှင်တန် နိုဝင်ဘာ   ၁
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ အတွင်းရှိ အဏ္ဏဝါ ပြတိုက် တစ်ခု သို့ ဒေသခံ တစ်ဦးက နှစ်ရောင်စပ် ကျောက်ပုစွန် တစ်ကောင်အား ပို့ဆောင် ခဲ့ကြောင်း သိရသည်။
အလေးချိန် တစ်ပေါင် (၄၅ဝ) ဂရမ်ရှိ ကျောက်ပုစွန် အမအား မကြာသေးမီ သီတင်းပတ်က  ဆလမ်မက်(စ်)စာချူး ဆက်(မ်)ကမ်းလွန် အတ္တလန္တိတ် ရေပြင် အတွင်းမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘား၌ ညစာစား


ဇွန်လ၂ဝရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်တွင် ဆင်ကွမ်တန်နေးယား ဥယျာဉ်အတွင်းDinnerinthesky အမည်ရှိ အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်၌ ဧည့်သည်ပေါင်း ၂၂ဦးကို ကန့်သတ်ထားပြီး မြေပြင်မှ မီတာ(၅ဝ)(၁၆၅ပေခန့်)အမြင့်တွင် ညစာစားခွင့်ရရန်အတွက် တစ်ဦးလျှင် ယူရိုငွေ ၂၅ဝပေးရကြောင်း သိရသည်။

Sunday, November 4, 2012

ကမ္ဘာ့ အကြီးဆုံးတိရိစ္ဆာန်များ

[Image: abg5kMoe.jpg]
ကမ္ဘာ့ အလေးချိန်အကြီးဆုံးခွေးကတော့ ဟာကျူလီအမည်ရှိတဲ့ ခွေးကြီးဖြစ်ပါတယ်...
သူ့ ရဲ့ အလေးချိန်ကတော့ ကြောက်ခမန်းလိလိ ပေါင် ၂၈၂ ပေါင်ပါတဲ့ ...
The world’s heaviest dog was Hercules, an English mastiff. He had a 38 inch neck and
weighed an astonishing 282 pounds.
***************
[Image: abyOktbA.jpg]
ကမ္ဘာ့ အကြီးဆုံးမြင်းကတော့ ဘယ်လ်ဂျီယံမြင်းကြီးေ၇ဒါပဲဖြစ်ပါတယ်...
အမြင့် ၆ ပေရှိပြီး အလေးချိန်ကတော့ ကြောက်စရာလန့် စရာ ၂၃၉၃ ပေါင်ပါတဲ့ ...
The largest horse was this Belgian beauty named Radar, who stood 6 feet and
weighed an amazing 2,393 pounds.
Related Posts Plugin for WordPress, Blogger...