အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အိုးရှန်းကမ်းခြေတွင် လူအများက အပန်းဖြေနေကြစဉ် အဘီဂဲလ်ဆိုသည့် ခွေးမလေးက ၃၅၁ပေ၈လက်မ (၁၀၇ဒသမ၂မီတာ) အထိ လှိုင်းစီးပြခဲ့သောကြောင့် လူအများက ရင်သပ်ရှုမောခဲ့ရသည်။ အဘီသည် ကယ်ဘီခွေးအမျိုးအစားဖြစ်၍ သြစတြေးလျမှ အမေရိကားသို့ ရောက်လာခြင်းဖြစ်သည်။ ယင်းခွေးအမျိုးအစားမှာ အမြင့်ခုန်ရာတွင် သူမတူအောင်ကျွမ်းကျင်ပြီး လူသားများစေခိုင်းသမျှကိုလည်း စိတ်တိုင်းကျ လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ဆက်ကပ်များမှာ မကြာခဏ ပွဲထုတ်ခံရလေ့ရှိသည်။ အဘီ၏ သခင်ဖြစ်သူမိုက်ကယ်က တစ်နေ့မှာ လှိုင်းစီးရန် ကမ်းခြေသို့ထွက်လာသည်။ မိုက်ကယ်လှိုင်းစီးသည်ကို အတုခိုးလွယ်သည့် ခွေးမလေး အက်ဘီက မိုက်ကယ်အလစ်မှာ လှိုင်းစီးလေ့ကျင့်နေသည်။ ယင်းအချိန်မှစ၍ မိုက်ကယ်က ခွေးမလေးကို စနစ်တကျ လှိုင်းစီးတတ်စေရန် သင်ကြားပေးခဲ့၍ ယခုအခါ ယင်းခွေးမလေးမှာ ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်သွားပြီဖြစ်သည်။
နေခရမ်း....
|
Friday, November 9, 2012
ခွေးတစ်ကောင်က လှိုင်းစီးရင်း ကမ္ဘာ့စံချိန်တင်ပြ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အိုးရှန်းကမ်းခြေတွင် လူအများက အပန်းဖြေနေကြစဉ် အဘီဂဲလ်ဆိုသည့် ခွေးမလေးက ၃၅၁ပေ၈လက်မ (၁၀၇ဒသမ၂မီတာ) အထိ လှိုင်းစီးပြခဲ့သောကြောင့် လူအများက ရင်သပ်ရှုမောခဲ့ရသည်။ အဘီသည် ကယ်ဘီခွေးအမျိုးအစားဖြစ်၍ သြစတြေးလျမှ အမေရိကားသို့ ရောက်လာခြင်းဖြစ်သည်။ ယင်းခွေးအမျိုးအစားမှာ အမြင့်ခုန်ရာတွင် သူမတူအောင်ကျွမ်းကျင်ပြီး လူသားများစေခိုင်းသမျှကိုလည်း စိတ်တိုင်းကျ လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ဆက်ကပ်များမှာ မကြာခဏ ပွဲထုတ်ခံရလေ့ရှိသည်။ အဘီ၏ သခင်ဖြစ်သူမိုက်ကယ်က တစ်နေ့မှာ လှိုင်းစီးရန် ကမ်းခြေသို့ထွက်လာသည်။ မိုက်ကယ်လှိုင်းစီးသည်ကို အတုခိုးလွယ်သည့် ခွေးမလေး အက်ဘီက မိုက်ကယ်အလစ်မှာ လှိုင်းစီးလေ့ကျင့်နေသည်။ ယင်းအချိန်မှစ၍ မိုက်ကယ်က ခွေးမလေးကို စနစ်တကျ လှိုင်းစီးတတ်စေရန် သင်ကြားပေးခဲ့၍ ယခုအခါ ယင်းခွေးမလေးမှာ ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်သွားပြီဖြစ်သည်။
Thursday, November 8, 2012
၁ ဒသမ ၇ တန်ရှိ ကုန်တင်ကားကို နှုတ်ခမ်းမွေးနှင့် ဆွဲ၍ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့သူ
ပါကစ္စတန်
နိုင်ငံ ပန်ဂျပ် ပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က ကျင်းပ ခဲ့သော စံချိန်သစ်
တင်ရန် ကြိုး ပမ်းသည့် အခမ်း အနားတွင် ဆာဒီ မိုဟာမက် ဆိုသူ အမျိုးသား
တစ်ဦးသည် မော်တော်ကား တစ်စီးကို ၎င်း ၏ နှုတ်ခမ်းမွေးဖြင့် ဆွဲပြ၍ ဂင်းနစ်
စံချိန်သစ် တင်နိုင် ခဲ့ကြောင်း သိရသည်။
ဆာဒီ
မိုဟာမက်သည် ရာပေါင်း များစွာသော ပရိသတ် များ၏ ရှေ့မှောက်တွင် ၁ ဒသမ ၇ တန်
အလေးချိန် ရှိသော ကုန်ကား တစ်စီးကို ၎င်း၏ နှုတ်ခမ်းမွေးဖြင့် ဆွဲပြကာ ကမ္ဘာ့
စံချိန် သစ်ကို တင်လိုက် နိုင်ခြင်း ဖြစ် ကြောင်း သိရသည်။
ငါးနှင့် အလား သဏ္ဌာန်တူ ခြေထောက် လေးချောင်းပါ သတ္တဝါ ၏ ဦးခေါင်းခွံ ရုပ်ကြွင်း တရုတ် နိုင်ငံတွင် တွေ့ရှိ
အစောပိုင်း
မှတ်တမ်းများ အရ နှစ်ပေါင်း ၁ဝ သန်းခန့် သက်တမ်း ရှိသည်ဟု ယူဆ ရသော
ငါးနှင့် အလား သဏ္ဌာန် တူ သည့် ခြေထောက် လေးချောင်းပါ ကျောရိုးရှိ သတ္တဝါ
တစ်ကောင်၏ ဦးခေါင်းခွံ ရုပ်ကြွင်း တစ်ခုကို တရုတ် သိပံ္ပ ပညာရှင် များသည်
နိုင်ငံ ၏ အနောက် တောင်ပိုင်း၌ တူးဖော် ရရှိ ခဲ့ကြောင်းကို အောက်တို ဘာ ၂၃ ရက်က ထုတ်ဝေသော "Nature Comm- unications" ဂျာနယ်၏ ဖော်ပြချက်များ အရ သိရ သည်။
ကမ္ဘာ့ အသက် အကြီးဆုံး လူပုကလေး အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ရန် အိန္ဒိယနိုင်ငံမှ အသက် ၁၁၃ နှစ် အရွယ်ရှိ အဘွားအို စောင့်ဆိုင်းနေ
နယူးဒေလီ အောက်တိုဘာ ၂၆
အိန္ဒိယနိုင်ငံမှ
အငြိမ်းစား အမျိုးသမီးကြီး တစ်ဦးဖြစ်သည့် ဇီးနတ်ဘီသည် ကမ္ဘာ့ အသက်
အကြီးဆုံး လူပု အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင်ရန် ဂင်းနစ် အဖွဲ့၏
အဖြေကို စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။
ဘာလီကျွန်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော အကြီးမားဆုံး ဟိန္ဒူဘုရား ကျောင်းကြီး
ဘာလီကျွန်း အောက်တိုဘာ ၂၈
အင်ဒိုနီးရှား
နိုင်ငံ ဘာလီကျွန်းမှ ဆောက်လုပ်ရေး အလုပ်သမား များသည် အကြီးမားဆုံး ရှေး
ဟောင်း ဟိန္ဒူ ဘုရား ကျောင်းကြီးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း
သုတေသန ပညာ ရှင်များက ပြောကြား ထားသည်။
အလုပ်သမား
များသည် ဘာလီကျွန်း၏ မြို့တော် ဒန်ပါဆာရှိ ဟိန္ဒူ လေ့ကျင့်ရေး သင်တန်း
ကျောင်း တစ်ခု ၌ ရေမြောင်း တစ်ခုအား တူးဖော်နေစဉ် အဆိုပါ ကျောက်သား ဘုရား
ကျောင်း အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ခိုတစ်ကောင်၏ ခြေထောက်အရိုးနှင့် ပူးတွဲထားသည့် ဒုတိယ ကမ္ဘာစစ် အတွင်းက လျှို့ဝှက် စာ တစ်စောင် အား တွေ့ရှိ
လန်ဒန် နိုဝင်ဘာ ၎
ဗြိတိန်
နိုင်ငံ ဘလက် ချင်ဂလီ မြို့ရှိ အိမ် တစ်လုံး၏ မီးခိုး ခေါင်းတိုင် တစ်ခု
အတွင်း၌ ခို တစ်ကောင်၏ ခြေထောက် အရိုးနှင့် ပူးတွဲထား သည့် ဒုတိယ ကမ္ဘာစစ်
အတွင်းက လျှို့ဝှက် စာတစ်စောင်ကို တွေ့ရှိခဲ့ ကြောင်း သိရသည်။
ဘလက်
ချင်ဂလီ မြို့တွင် နေထိုင်သော ဒေးဗစ်မာတင် ဆိုသူသည် မီးလင်းဖိုကို အသစ်
ပြုပြင် ရာတွင်မီးခိုး ခေါင်းတိုင် အတွင်းမှ အနီရောင် လျှို့ဝှက်စာ
ထည့်သည့် ဘူးနှင့် တွဲလျက် ရှိသည့် ခိုခြေထောက် အရိုး ကို တွေ့ရှိ ခဲ့ခြင်း
ဖြစ်သည်။
Subscribe to:
Posts (Atom)