စင်ကာပူ နိုဝင်ဘာ ၂၁
စင်ကာပူ
နိုင်ငံရှိ ဆန်တိုဆာ ကမ္ဘာ့ အပန်းဖြေ စခန်း (RWS) ၌ ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ
ပြတိုက် တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ
ငါးပြ တိုက်သည် အဏ္ဏဝါ ပြတိုက်များ အနက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခု
ဖြစ်ပြီး ၎င်းပြတိုက်တွင် ရေလီတာပေါင်း ၄၅ သန်းခန့် ထည့်သွင်း ထား၍ ပင်လယ်
ရေနေ သတ္တဝါ မျိုးစိတ် ၈ဝဝ မှ ရေသတ္တဝါ ကောင်ရေ တစ်သိန်းခန့် ပြသ သွားမည်
ဖြစ်သည်။
