Thursday, November 22, 2012

ကူဝိတ်နိုင်ငံတွင် ဂင်းနစ် စံချိန်တင်ခဲ့သည့် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနား ကျင်းပ

http://www.myawady.net.mm/cache/c/4c3ad81f73f24f85f5cc1c7c7df94313.png
ကူဝိတ်  နိုဝင်ဘာ   ၁၇
ကူဝိတ်နိုင်ငံ ကူဝိတ် စီးတီးမြို့တွင် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှစ် (၅ဝ)မြောက် နှစ်ပတ်လည် နေ့တွင် ကမ္ဘာ့ စံချိန်တင် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း အင်တာနက် သတင်းအရ  သိရသည်။
အဆိုပါ အခမ်းအနားတွင် မီးရှူး မီးပန်း စုစုပေါင်း ၇၇၂၈၂ ခုဖြင့် ယခင် ဂင်းနစ် စံချိန်ကို ကျော်လွန်၍ စံချိန် သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခင် ဂင်းနစ် စံချိန်တင် ခဲ့သော မီးရှူး မီးပန်း လွှတ်ပွဲတွင် မီးရှူးမီးပန်း ၆ဝဝဝဝ ခန့်ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ၎င်းမီးရှူး မီးပန်းများကို ဆိပ်ခံ ဗောများနှင့်   လှေများ စုစုပေါင်း ၂၅၁  စင်းပေါ်မှ တစ်နာရီကြာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံမှ မိန်းကလေး ၂၈ ဦး အသေးစား ကားအတွင်းသို့ ဝင်ရောက်၍ ကမ္ဘာ့ဂင်းနစ် မှတ်တမ်း စံချိန် တင်ခဲ့

http://www.myawady.net.mm/cache/e/feb1543ee2b9aeafff9e39f1af16614a.png
လန်ဒန် နိုဝင်ဘာ ၁၉
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် (၈) နှစ်မြောက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း နှစ်ပတ်လည်နေ့ အဖြစ် ကွေးနိုင် ဆန့်နိုင်သော ကိုယ်ကာယ အားကစား ပြုလုပ်သူ မိန်းကလေး ၂၈ ဦး ပါဝင်သော အဖွဲ့သည် အသေးစား ကား အတွင်းသို့ ဝင်ရောက်၍  ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်နိုင် ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ကားအတွင်း သို့ဝင် ရောက်ရန် အတွက် ၁၈မိနစ် အချိန်ယူ ခဲ့ကြောင်း၊ ၎င်းတို့၏ မျက်နှာ များကို လေကာ မှန်ဘက်တွင် ကပ်ထားပြီး ခန္ဓာကိုယ် များကို ပြတင်းပေါက်၏ အပြင်ဘက်တွင် ထုတ်ထား ကြောင်း သိရသည်။

ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်

http://www.myawady.net.mm/cache/6/861a2b7f377972ec5732efe4e6d1e278.png
စင်ကာပူ နိုဝင်ဘာ ၂၁
စင်ကာပူ နိုင်ငံရှိ ဆန်တိုဆာ ကမ္ဘာ့ အပန်းဖြေ စခန်း (RWS) ၌ ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးပြ တိုက်သည် အဏ္ဏဝါ ပြတိုက်များ အနက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခု ဖြစ်ပြီး ၎င်းပြတိုက်တွင် ရေလီတာပေါင်း ၄၅ သန်းခန့် ထည့်သွင်း ထား၍ ပင်လယ် ရေနေ သတ္တဝါ မျိုးစိတ် ၈ဝဝ မှ ရေသတ္တဝါ ကောင်ရေ တစ်သိန်းခန့် ပြသ သွားမည် ဖြစ်သည်။

မာယာ လူမျိုးများ ပျောက်ကွယ်မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေ

 








ဝါရှင်တန် နိုဝင်ဘာ ၂၁
မာယာ လူမျိုးများ ပျောက်ကွယ် မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေကြောင်း သုတေသန ပညာရှင်များ ၏ လေ့လာချက်ကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ဝေသော သိပံ္ပ ဂျာနယ် တစ်စောင် တွင် ဖော်ပြ ထားသည်။
သုတေသန ပညာရှင် များသည် မာယာ လူမျိုးများ နေထိုင် ခဲ့သည့် Belize ဒေသရှိ Yok Balum လိုဏ်ဂူ ထဲတွင် ကြွင်းကျန် နေခဲ့ သည့် ကျောက်စက် မိုးမျှော်များကို ဓာတုဗေဒ နည်းများ အသုံးပြု၍ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်က မိုးရွာသွန်း ခဲ့သော စံချိန် စံညွှန်း များကို ပြန်လည် ဆက်စပ် ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

Monday, November 19, 2012

အမှတ်တမဲ့အလွဲများ(၁၇)


သမီးကိုလဲ မမ နန်းခင်ဇေယျာလို vote ပေးအုံးနော်...

လူ၂၀၀၀ကျော်က ဘောလုံး၂၀၀၀ကျော်ကို တစ်ပြိုင်တည်းထိန်းကစားပြ


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် လူငယ်၂၁၄၉ဦးက ဘောလုံး၂၁၄၉လုံးကို တစ်ပြိုင်တည်းမှာ ခြေဖျားနှင့်ခြေဖမိုးများသုံးပြီး အသာအယာထိန်း ကစားပြခဲ့သည်။ ယင်းသို့ ဘောလုံးကိုထိန်း ကစားနေချိန်မှာ I Believe in Me ဆိုသည့်သီချင်းကို သီဆိုခဲ့ကြသည်။ ယင်းပွဲတော်ကို ပျော်ရွှင်စွာနွှဲပျော်ရန် ဦးဆောင်စီစဉ်ခဲ့သူမှာ အများအကျိုးမမျှော်ကိုးသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူးဝစ်ပင်ဖြစ်သည်။ လူးဝစ်က America Scoresဆိုသည့် NGOတစ်ခုကို ဦးဆောင်တည်ထောင်ပြီး လူငယ်များကို စည်းရုံးဦးဆောင်နေသူလည်းဖြစ်သည်။ ယခုအခါ လူးဝစ်၏စိတ်ကူးဆန်းက ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်သွားသည်အထိ ချီးကျူးဂုဏ်ပြုခံရပြီဖြစ်သည်။
ref: ပြည်မြန်မာ 

Sunday, November 18, 2012

တစ်မူထူးခြား သစ်ပင်ပေါ်မှအိမ်ကလေးများ

သစ်ပင်ပေါ်မှာ သူများနှင့်မတူ နေချင်သူတွေအတွက် ထူးခြားလှပ ပြီး နေချင်စဖွယ်အိမ်လေး
တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။
Beach Rock Tree House
 
ဂျပန်နိုင်ငံ ၊ အိုကီနာဝါကျွန်းပေါ်မှာတည်ရှိတာပါ။

Related Posts Plugin for WordPress, Blogger...