Saturday, November 24, 2012

ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာ


အနံ့အရသာ ခပ်ပြင်းပြင်းကိုမှ ကြိုက်နှစ်သက်ကြ သူများအတွက် ဆမ်အဒမ် ဘီယာချက်စက်ရုံက ကမ္ဘာ့ဈေးအကြီးဆုံး ယူတိုးပီးယားဘီယာကို ထုတ်လုပ်လိုက်ပါပြီ ဆမ်အဒမ်စက်ရုံက ၎င်းတို့၏ယူတိုးပီးယား ဘီယာထုတ်လုပ်ခြင်း ၁၀နှစ်မြောက်မှာ ဘီယာတစ်ပုလင်းလျှင် ဒေါ်လာ၁၉၀၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ယင်းဘီယာထဲတွင် အယ်လ်ကိုဟောပါဝင်မှု အချိုးအစားမှာ ၂၇ရာခိုင်နှုန်းအထိရှိသည်။ ဆမ်အဒမ် ဘီယာစက်ရုံက ၎င်းတို့၏ ယူတိုးပီးယားဘီယာကို တစ်နှစ်စာအတွက် အလုံးရေ နှစ်သောင်းသာ ထုတ်လုပ်သည် ဟုသိရသည်။

Thursday, November 22, 2012

လက်ချောင်း သုံးချောင်းသာ ရှိသည့် ဖားမျိုးစိတ်သစ် တစ်မျိုး ဘရာဇီး နိုင်ငံ သစ်တော ကြိုး ဝိုင်း တစ်ခု အတွင်း ရှာဖွေ တွေ့ရှိ

http://www.myawady.net.mm/cache/5/958c89b1ac9e9dc8a994d66ae6e71941.png
ဂွာရာကျူ ကာဘာ နိုဝင်ဘာ ၈
ဘရားဇီး နိုင်ငံ တောင်ပိုင်း အတ္တ လန္တိတ် မိုးသစ်တော ကြိုးဝိုင်း တစ်ခု၏ တောင်ထိပ် တစ်ခု ပေါ်တွင် လက်ချောင်း သုံးချောင်း ပါရှိသည့် ဖားမျိုး စိတ်သစ် တစ်မျိုးကို ဇီဝဗေဒ ပညာရှင်မိုက်ကယ် လ်ဂါရေးက မထင်မှတ်ဘဲ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

မော်တော်ကား ရပ်နားရာတွင် ယာဉ်မောင်းများကို အကူအညီ ပေးနိုင်မည့် ဖောက်ထွင်းမြင် ကားသစ်တစ်မျိုး ဂျပန် သုတေသီများ ထုတ်လုပ်

http://www.myawady.net.mm/cache/c/0c13170c6c489f9217f059ec68422998.png
တိုကျို  နိုဝင်ဘာ ၉
ဂျပန်နိုင်ငံမှ သုတေသန ပညာရှင် များသည် ကားအတွင်းမှ ပြင်ပ ပတ်ဝန်းကျင် အခြေအနေကို ထိုးထွင်း မြင်နိုင်သော ဖောက်ထွင်းမြင် ကားသစ် တစ်မျိုးကို ထုတ်လုပ် ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
အဆိုပါ ကား၏ ဒီဇိုင်းကို တိုကျိုမြို့တွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းကားသည် ကားရပ်နား ရာတွင် ယာဉ်မောင်း သူများကို အကူအညီ ပေးနိုင်မည့် အပြင် နောက်ကြည့်မှန်တွင် မမြင်နိုင်သည့် လမ်းပိတ် ငုတ်တိုင် ကဲ့သို့သော အရာ ဝတ္ထုများ၊ တိရစ္ဆာန်များ၊ ကလေးငယ် များကို ယာဉ်မောင်း ထိုင်ခုံပေါ်မှ ထကြည့် စရာ မလိုဘဲ မြင်နိုင်မည် ဖြစ်သည်။

ကမ္ဘာ့ အသေးငယ်ဆုံး တယော တစ်မျိုး ဂီတ ပညာရှင် တစ်ဦးတီထွင်


လန်ဒန် နိုဝင်ဘာ ၉
ဒေးဗစ်အက်ဒ်ဝပ် အမည်ရှိ ဂီတ ပညာရှင် တစ်ဦးသည် ကမ္ဘာ့ အသေးဆုံး တယော တစ်မျိုးကို တီထွင် ဖန်တီး ခဲ့ကြောင်း သိရသည်။အဆိုပါ တယောသည် အရှည် တစ်လက်မခွဲ ခန့်သာရှိပြီး ၎င်းအား ပေါင်တစ်ထောင် ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။
ဒေးဗစ်အက်ဒ်ဝပ် သည် တစ်ချိန်က စကော့တလန် အမျိုးသား သံစုံ တီးဝိုင်းတွင် တယော တီးသူ တစ်ဦးဖြစ် သည်။ သို့သော် ၎င်းသည် ဈေးကွက်တွင် အရောင်းတွင်မည့် အရုပ်အိမ် အသေးစား မျိုးကို ဖန်တီး ပြုလုပ်ရန် အတွက် ၎င်း၏ ဂီတဖြင့် အသက် မွေးမှုကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။

တောင်အမေ ရိက တိုက်ရှိ အရွယ် ကြီးမားသော အနာ ကွန်ဒါ မြွေကြီးများ

http://www.myawady.net.mm/cache/7/77284fd13364a7a8f89c57affdfa2b46.png
မာတို ဂရော့ဆို နိုဝင်ဘာ ၁၁
ဖရန်ကို ဘန်ဖီ အမည်ရှိ ဆွစ်ဇာလန် ရေငုပ် သမား တစ်ဦးသည် အနာ ကွန်ဒါ မြွေများ နေထိုင် ရာ သဘာဝ စားကျက်မြေ အတွင်း အနီးကပ် ဓာတ်ပုံ ရိုက်ယူရန် ဘရာဇီး နိုင်ငံ မာတို ဂရော့ ဆို အရပ် ဒေသသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
အနာ ကွန်ဒါ မြွေကြီး များသည် ရှဥ့်၊ ကြွက်၊ ငှက်များနှင့် ငါးများအား စားသောက် တတ်ကြပြီး သားကောင်ကို အနီးကပ် ချောင်းမြောင်း တိုက်ခိုက်လေ့ ရှိကြသည်။

ကူဝိတ်နိုင်ငံတွင် ဂင်းနစ် စံချိန်တင်ခဲ့သည့် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနား ကျင်းပ

http://www.myawady.net.mm/cache/c/4c3ad81f73f24f85f5cc1c7c7df94313.png
ကူဝိတ်  နိုဝင်ဘာ   ၁၇
ကူဝိတ်နိုင်ငံ ကူဝိတ် စီးတီးမြို့တွင် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှစ် (၅ဝ)မြောက် နှစ်ပတ်လည် နေ့တွင် ကမ္ဘာ့ စံချိန်တင် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း အင်တာနက် သတင်းအရ  သိရသည်။
အဆိုပါ အခမ်းအနားတွင် မီးရှူး မီးပန်း စုစုပေါင်း ၇၇၂၈၂ ခုဖြင့် ယခင် ဂင်းနစ် စံချိန်ကို ကျော်လွန်၍ စံချိန် သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခင် ဂင်းနစ် စံချိန်တင် ခဲ့သော မီးရှူး မီးပန်း လွှတ်ပွဲတွင် မီးရှူးမီးပန်း ၆ဝဝဝဝ ခန့်ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ၎င်းမီးရှူး မီးပန်းများကို ဆိပ်ခံ ဗောများနှင့်   လှေများ စုစုပေါင်း ၂၅၁  စင်းပေါ်မှ တစ်နာရီကြာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံမှ မိန်းကလေး ၂၈ ဦး အသေးစား ကားအတွင်းသို့ ဝင်ရောက်၍ ကမ္ဘာ့ဂင်းနစ် မှတ်တမ်း စံချိန် တင်ခဲ့

http://www.myawady.net.mm/cache/e/feb1543ee2b9aeafff9e39f1af16614a.png
လန်ဒန် နိုဝင်ဘာ ၁၉
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် (၈) နှစ်မြောက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း နှစ်ပတ်လည်နေ့ အဖြစ် ကွေးနိုင် ဆန့်နိုင်သော ကိုယ်ကာယ အားကစား ပြုလုပ်သူ မိန်းကလေး ၂၈ ဦး ပါဝင်သော အဖွဲ့သည် အသေးစား ကား အတွင်းသို့ ဝင်ရောက်၍  ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်နိုင် ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ကားအတွင်း သို့ဝင် ရောက်ရန် အတွက် ၁၈မိနစ် အချိန်ယူ ခဲ့ကြောင်း၊ ၎င်းတို့၏ မျက်နှာ များကို လေကာ မှန်ဘက်တွင် ကပ်ထားပြီး ခန္ဓာကိုယ် များကို ပြတင်းပေါက်၏ အပြင်ဘက်တွင် ထုတ်ထား ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...