လန်ဒန် ဒီဇင်ဘာ ၆
ဗြိတိန် နိုင်ငံမှ အပျော်တမ်း ရတနာ
ရှာဖွေသူ များသည် သံခေတ်က လူများ သင်္ဂြိုဟ်ပြီးနောက် အရိုးပြာအိုး အဖြစ်
အသုံးပြု ခဲ့သည့် ခမောက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ခမောက်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက
အသုံး ပြုခဲ့သည့် စစ်သည်ဆောင်း ဦးထုပ်နှင့် အသွင် တူညီကြောင်းနှင့်
ယင်းခမောက်ကို ကန့်ဒေသ ဆန်တာဘာရီ မြို့အနီး၌ ပြီးခဲ့သည့် လက သတ္တု ရှာဖွေရေး
လျှပ်စစ် ကိရိယာကို အသုံးပြု၍ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဗြိတိသျှ
ပြတိုက်က ထုတ်ဖော် ပြောကြား ခဲ့သည်။

