Monday, December 10, 2012

မင်္ဂလာပွဲကို တပျော်တပါးကြီး ဆင်နွှဲခဲ့သည့် ပေကျင်းမြို့မှ လူပု စုံတွဲများ


ပေကျင်း    ဒီဇင်ဘာ    ၇
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁ ရက်က စုံတွဲ ခုနစ်တွဲ တစ်ပြိုင်နက်တည်း မင်္ဂလာပွဲ ဆင်နွှဲ ခဲ့သည်။ ထူးခြားချက်မှာ ၎င်းစုံတွဲ ခုနစ်တွဲ စလုံးမှ သတို့သားနှင့် သတို့သမီး အားလုံးသည် အရပ် ၁၂၆ စင်တီမီတာ ခန့်သာ ရှိသည့် လူပုလေးများ ဖြစ်ကြခြင်း ဖြစ်သည်။
၎င်းစုံတွဲ ခုနစ်တွဲ၏ တစ်ဦးကို တစ်ဦး ပွေ့ဖက်ကြပုံ၊ လက်ချင်းယှက်၍ ကြင်နာ ယုယပုံများမှာ မြင်ရ သူတိုင်းကို စိတ်ကြည်နူး စေခဲ့ကြောင်း သိရသည်။

လူနေအိမ် တစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက်ထားသည့် လန်ဒန်မြို့မှ မျှော်စင်ကြီး

လန်ဒန် ဒီဇင်ဘာ ၉
အင်္ဂလန် နိုင်ငံမှ လေးအော့ စဘွန်းနှင့် ဂရေဟမ် ဗို့စ်တို့ နှစ်ဦးသည် ၎င်းတို့ ပိုင်ဆိုင်သော ၁၉ ရာစုနှစ်က တည်ဆောက် ခဲ့သည့် မျှော်စင် တစ်ခုအား လှပသော လူနေအိမ် တစ်ခု အဖြစ် ပြောင်းလဲဆောက် လုပ်ခဲ့ကြောင်း သိရသည်။
၎င်းမျှော်စင်သည် လန်ဒန်မြို့ အလယ်ပိုင်း၌ တည်ရှိပြီး  နေအိမ် အဖြစ် မဆောက်လုပ်မီ ရှေးယခင်က မြို့၏  လှပသော ရှုခင်းတစ်ခု အဖြစ် ရပ်တည် ခဲ့သည်ဟု သိရသည်။

ထူးဆန်းမြန်မာ ဖွင့်လှစ်ခြင်း...

ဒီဆိုဒ်မှ ကျွန်တော်ကိုယ်တိုင်ရေးသော ပိုစ့်များကို အခြားသော လူမှုကွန်ယက်များ
တွင် ကျွန်တော်ကိုယ်တိုင်ပြန်လည်မျှဝေ တက်ပါသည်။ ထိုအခါ သူငယ်ချင်းများ၏ 
ဆွေးနွေးမှုများတွင် မြန်မာပြည်မှ အကြောင်းအရာ များ၊ ပုံများမပါ ဘူးလားဟု မေးတက်
ကြပါသည်။ (တော်တော် များများတွေ့တက်ပါသည်)
ထိုသို့မေးရာတွင် တစ်ချို့က သူများနိုင်ငံ တွေ၏ ခေတ်မှီတိုးတက် ၊ လှပ ၊ ဆန်းပြား
ပုံတွေတွေ့ရ ပြီး ကိုယ်မြန်မာနိုင်ငံ က ပုံတွေ မပါသဖြင့် မချိတင်ကဲ ခံစားမှုဖြင့် ဆွေးနွေး
ကြတာပါ။( အမှန်မှာ မြန်မာနိုင်ငံ တွင်းလည်း ဆန်းပြား ၊ လှပ သော ပုံများနှင့်ရှုခင်းများ
များစွာ ရှိပါသည်)

စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ

လန်ဒန်    ဒီဇင်ဘာ    ၉
အင်္ဂလန် နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဖွယ် စာရင်းကို လန်ဒန်မြို့ရှိ စားဖိုမှူး တစ်ဦးဖြစ်သူ ဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေးဦး စားသောက် နိုင်ကြောင်းနှင့် စားသောက်ဖွယ်ရာ များကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့က စီစဉ် ဆောင်ရွက် ပေးသွား မည်ဖြစ်သည်။

Sunday, December 9, 2012

ဆွိဒင် နိုင်ငံရေခဲတောင်ပေါ်က ဒီဇိုင်းဆန်းတဲ့ Restaurant

Restaurant Tusen ဟာဆိုရင် Murman Arkitekter ၏ Project တစ်ခုပဲဖြစ်ပါသည်။တည်နေရာကတော့ ski resort Ramundberget, Sweden တွင်တည်ရှိတာပဲ ဖြစ်ပါသည်။ဒီထူးခြားတဲ့ ဒီဇိုင်းနဲ့  Restaurantဟာဆိုရင် ဒိဇိုင်းဆွဲဖို့ အတွက် လူပေါင်း 125 ဦးရဲံဦးနှောက်ထဲမှ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းတွေနဲ့ ပုံဖော် တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ဒီအဆောက်အဦးကို Birch Wood,Among နဲ့ အခြားသစ်ပင်များစွာနဲ့ ပြုလုပ်ထားပဲဖြစ်ပါတယ်။ထိုနေရာသို့ နှင်းလျှောစီးရင်းပဲ ဖြစ်ဖြစ် သီးသန့် သက်သက် လာလည်ရင်းနဲ့ ပဲဖြစ်ဖြစ် လာရောက်နိုင်ပါတယ် ။အစားအသောက်ကောင်းများးစွာကို ကျွှမ်းကျင်တဲ့ စားဖိုမှုူးများနဲ့ ဖော်ရွေတဲ့ဝန်ထမ်းများ၏ ပျူငှာမှုများဖြင့် သင်စိတ်ကျေနပ် စေရပါမည်ဟု ဆိုကာ ဖိတ်ခေါ်ထားပါတယ်။
 

Friday, December 7, 2012

ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)


ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။
အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး ဖြစ်ပြီး ပင်စည် အတွင်းသားကတော့ အစိမ်းရောင် ဖြစ်ပါတယ်။ Rainbow Eucalyptus လို့ခေါ်တဲ့ ယင်းပင်ကို ကမ္ဘာ့အရောင်စုံဆုံး သစ်ပင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။

ကမ္ဘာ့အရှားပါးဆုံး ကျားသစ် တရုတ်နိုင်ငံတွင် တွေ့ရှိ


ချန်ချွန်း   ဒီဇင်ဘာ   ၅
မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသည့် ကမ္ဘာ့ အရှားပါးဆုံး အာမာ ကျားသစ် နှစ်ကောင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်မြို့တွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျားသစ်ထီးနှင့် ကျားသစ်မကို လျှို့ဝှက် ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ အရှေ့ဖျား နိုင်ငံများမှ အာမာ ကျားသစ်များနှင့် ဆိုက်ဘေးရီးယား ကျားများ ကဲ့သို့ တောတွင်း  တိရစ္ဆာန် များကို ကာကွယ်ရန် ဟန်ချွန်း ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ်က ဖန်တီး ခဲ့သည့်  သီးသန့် သဘာဝ သစ်တော တစ်ခု အတွင်း ၎င်းတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...