တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်မှ နင် ရှုဖား (အသက် ၂၂နှစ်)သည် လွန်ခဲ့သော ၁၂နှစ် ခန့်မှစ၍ ယနေ့အထိတိုင်အဖတ်အစာအာဟာရ များကိုစားသုံးခြင်းမရှိဘဲ ရေတစ်မျိုးတည်းသာ သောက်သုံး၍ အသက်ရှင်သန်နေထိုင်သူဖြစ် ကြောင်း တရုတ်မီဒီယာသတင်းများကဖော်ပြ ခဲ့သည်။
နေခရမ်း....
|
Tuesday, January 1, 2013
၁၂ နှစ်လုံးလုံး ရေတစ်မျိုးတည်းသာ မှီဝဲသူ
တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်မှ နင် ရှုဖား (အသက် ၂၂နှစ်)သည် လွန်ခဲ့သော ၁၂နှစ် ခန့်မှစ၍ ယနေ့အထိတိုင်အဖတ်အစာအာဟာရ များကိုစားသုံးခြင်းမရှိဘဲ ရေတစ်မျိုးတည်းသာ သောက်သုံး၍ အသက်ရှင်သန်နေထိုင်သူဖြစ် ကြောင်း တရုတ်မီဒီယာသတင်းများကဖော်ပြ ခဲ့သည်။
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၄)(Meteora, Greece)
သူငယ်ချင်းတို့ကို တောင်ပေါ်မြို့ကလေး နောက်တစ်မြို့ကိုအလည်ခေါ်ခြင်ပါတယ်။
ဒီမြို့လေးကတော့ ဂရိနိုင်ငံ မှာတည်ရှိတဲ့ Meteora ဆိုတဲ့ မြို့ကလေးပါ။
ဒီနေရာလေးကိုကြည့်ရတာ ကျွန်တော်တို့နိုင်ငံက ပုပ္ပားတောင် ကလပ် ကို
သတိရမိပါတယ်။
တကယ်တော့ ဒီနေရာဟာ မြို့ဆိုတာထက် ဂရိ အော်တိုဒေါ့ ဘုန်းကြီးကျောင်းပါ။
တောင်ခြေကမြို့နဲ့ဆက်သွယ်နေလို့ တောင်ပေါ်မြို့အဖြစ်ခေါ်ကြတာပါ။
Monday, December 31, 2012
အာဆီယံ ၁၀ နိုင်ငံထဲမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အကောင်းဆုံး မြို့ကြီး ၁၀ မြို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ တောင်ကြီးမြို့ ပါဝင်
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်..။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ဖြစ်သည်..။တောင်ကြီးမြို့ ပတ်ဝန်းကျင်ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာနေရာဖြစ်သည်..။ ပတ်ဝန်းကျင်ကျေးရွာများမှ လတ်ဆပ်သောထုတ်ကုန်များ လာရောက်ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စားအကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်..။
Sunday, December 30, 2012
ရေအောက်စတိတ်စင်/ စတူဒီယို
အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။
ဥရောပမှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊ ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။
ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake
သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။
ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်
ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချိန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
...
ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
Subscribe to:
Posts (Atom)