အပူဒဏ်ခံနိုင်သည့် ပလတ်စတစ်များ၊ သလင်းကျောက်များနှင့် အလှဆင်ကျောက်များဖြင့် ဖန်တီးထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုထားသော မီးဖိုချောင်ကို လန်ဒန်တွင် ကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ပေါက်ဈေးပေးဝယ် ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ အဆိုပါ မီးဖိုချောင်ကို ဖန်တီးရန် တစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရသည်ဟု ဒီဇိုင်နာက လော်ဒီယိုဆယ်လီဘာတီက ရှင်းပြသည်။
နေခရမ်း....
|
Friday, January 25, 2013
ကမ္ဘာ့ဈေးအကြီးဆုံး မီးဖိုချောင်
အပူဒဏ်ခံနိုင်သည့် ပလတ်စတစ်များ၊ သလင်းကျောက်များနှင့် အလှဆင်ကျောက်များဖြင့် ဖန်တီးထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုထားသော မီးဖိုချောင်ကို လန်ဒန်တွင် ကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ပေါက်ဈေးပေးဝယ် ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ အဆိုပါ မီးဖိုချောင်ကို ဖန်တီးရန် တစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရသည်ဟု ဒီဇိုင်နာက လော်ဒီယိုဆယ်လီဘာတီက ရှင်းပြသည်။
Monday, January 21, 2013
ကမ္ဘာပေါ်က အလှဆုံး ရေတံခွန်များ
ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။
Angel Falls
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima
အမျိုးသားဥယျာဉ်အတွင်းရှိ Auyantepui တောင်ရဲ့ အစွန်းကနေ
စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့
ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့
တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။
အမှတ်တမဲ့အလွဲများ( ၂၃ )
သူငယ်ချင်းများအတွက် ဆက်လက်ပြီး လွဲပါအုံးမယ်...
ဟာ...အမ ပဲများနေတာနဲ့ သွားပြီ... ဗွမ်း

ဟာ...အမ ပဲများနေတာနဲ့ သွားပြီ... ဗွမ်း
Friday, January 18, 2013
ကမ္ဘာ့အသေးငယ်ဆုံး စက်ဘီးစီးသူ
ပြင်သစ်နိုင်ငံမှ စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင် အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက် စီးနင်းမည်ဖြစ်သည်။
ဗြိတိန်၏ အမြင့်ဆုံး Shardမျှော်စင်တွင် အိမ်သာများမှလည်း မြို့ရှုခင်းကို ကြည့်ရှုနိုင်
ဗြိတိန်၏ အမြင့်ဆုံး ၁၀၁၆ပေ အမြင့်ရှိသှော့Shardမျှော်စင်ကို ဖေဖော်ဝါရီလ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ထိုမျှော်စင်တွင် အိမ်သာများမှာလည်း မြို့ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။ ထိုလန်ဒန်မျှော်စင်သည် ၁၀၁၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၅လွှာပါရှိကာ မျှော်စင်အပေါ်မှပင် မိုင်လေးဆယ်အကွာမှရှုခင်းများကိုကြည့်ရှုနိုင်သည်။
နေမှလောင်ကျွမ်း ပေါက်ကွဲမှုက ကမ္ဘာမြေအချင်းထက် အဆ၂၀ပိုကြီး
နေမုန်တိုင်းများ ဖြစ်ပေါ်မှုကို အစဉ်မပြတ် လေ့လာနေသည့် နာဆာမှ ပေးပို့သောပုံများအရ နေပေါက်ကွဲမှုမှာ ကမ္ဘာ့အချင်းထက် အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိရသည်။ ဒီဇင်ဘာလ ၃၁ရက်နေ့က ရိုက်ကူးထားသော ပုံများအရ နေပတ်လည်မှာ လောင်ကျွမ်းနေသော မီးတောက်များနှင့် သံလိုက်စက်ကွင်းများကို အသေးစိတ်တွေ့မြင်နိုင်သည်။
ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါး ဂျပန် အိုကာဆာဝါရာကျွန်း အနီးတွေ့ရှိ
၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည် ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး ၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ် သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား ဖမ်းယူခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)