Tuesday, January 29, 2013

မသေနိုင်သော သတ္တဝါ - Immortal Jellyfish


မသေနိုင်သော သတ္တဝါ - Immortal Jellyfish


ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေး
လေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
--
Ref: wiki,rarefacts
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/immortal-jellyfish.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia 
ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။
 တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေး
လေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

Sunday, January 27, 2013

သစ်ရွက်လိပ်ပြာ


လိပ်ပြာရယ်မလို့မဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။

တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish


 
 clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။

Friday, January 25, 2013

ဂုဏ်ယူစရာ ရွှေမြန်မာ


အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူလေး


အမေရိကန်ပြည်ထောင်စု အော်ရီဇွန်ပြည်နယ်မှ အမျိုးသမီးတစ်ယောက်သည် ၈လက်မမှ ၁၀လက်မအထိသာ အကျယ်ရှိသော တိုက်ကြားထဲသို့ အပေါ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပုံရ၍ လေးနာရီခန့်ကြာအောင် ပိတ်မိနေခဲ့ပြီး ရဲ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲအားထုတ် ကယ်တင်ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး မည်ကဲ့သို့ ယခုလိုတိုက်နှစ်လုံးကြားထဲ ညပ်ခဲ့ရကြောင်း အတိအကျမပြောနိုင်ဟု ဆိုကြသည်။

သခင်ကို ကားဖြင့်ပြန် တိုက်သည့်ခွေး


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ လူတစ်ယောက်ကို သူ့အချစ်တော်ခွေးက ကားဖြင့်တိုက်သတ်ခဲ့သည့် သတင်းကြောင့် ခွေးပိုင်ရှင်များအနေဖြင့် မှင်တက်သွားခဲ့ရသည်။ အသက်၆၈နှစ် ရှိပြီဖြစ်သည့် ဂျိမ်းစ်ကမ်ဘဲလ် ဆိုသူသည် ကားဖြင့် အိမ်သို့ပြန်လာပြီး နေအိမ်ဝင်း တံခါးရှေ့သို့ ရောက်သောအခါ သူ့အိမ်တံခါးကိုဖွင့်ရန် ကားကို စက်မသတ်သေးဘဲ ကားပေါ်မှဆင်းလာစဉ် သူ့အချစ်တော်ခွေးက ကားပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရာ လီဗာကိုနင်းမိပြီး စက်မသတ်ထားသော ကားမှာအရှိန်ဖြင့် သူ၏သခင် ဂျိမ်းစ်ကို ၀င်တိုက်မိ သွားလေတော့သည်။

အအေးဆုံးနေရာတွင် အဝေးဆုံးခရီးကို စက်ဘီးဖြင့်သွားခဲ့သူ


 ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ အေးခဲလှသည့် ရာသီဥတုဒဏ်ကို အံတုကာ စက်ဘီးဖြင့် မိုင်ပေါင်း ၁၇၅မိုင်တိတိ ခရီးနှင်ခဲ့သူကို ကမ္ဘာ့မှတ်တမ်းက စံချိန်တင် အသိအမှတ်ပြုလိုက်ပါပြီ။ အန္တရာယ်ကြားမှ စွန့်စွန့်စားစား သွားလာလိုသူ လာဆန်၏ခရီးစဉ်ကို အဓိက ကူညီပံ့ပိုးပေးခဲ့သူမှာ ဒေးဗစ်ဖင်းနေးဆိုသည့် လူမှုရေးအဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...