သက်ရှိများ နေထိုင်ရာ ကမ္ဘာကြီးမှာ
ထူးခြား ဆန်းကြယ်မှု များနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့
သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊ တောင်ပေါ် ဒေသများနှင့်
သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန်ထူးခြား
များပြားလှသည်။
အဏ္ဏဝါ ချစ်သူများ အနေဖြင့် သမုဒ္ဒရာ အတွင်း
ရေနက်ပိုင်းတွင် နေထိုင် ကျက်စားသည့် တောက်ပသော အရောင်အသွေး ဖြင့် လှပသော
ပင်လယ် ရေကြွက်ကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်လိုက်ပါသည်။