Thursday, February 28, 2013

အမှတ်တမဲ့အလွဲများ ( ၂၅ )

အမှတ်တမဲ့အလွဲများ ကို တင်ပေးလာတာ အခုဆိုရင် ၂၅ ခုမြောက်ပါ။
ငွေရတုပေါ့...ဟဲ...ဒီအချိန်အထိ အားပေးကြတဲ့ သူငယ်ချင်းများကို
ကျေးဇူးတင်ပါတယ်....ဆက်ပြီး လွဲလိုက်ကြအုံးမယ်နော်...
ဦးဦး သမ္မတကြီး စာလဲမတက်ဘူး...ပြောင်းပြန်ကြီး...ဟီး

Saturday, February 23, 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား


အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။

စိမ်းပြာရောင်ကမ်းခြေ- Navagio beach


ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်တော့ စိမ်းပြာရောင်လို အရောင်ထွက်စေ ပါတယ်။

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်


သက်ရှိများ နေထိုင်ရာ ကမ္ဘာကြီးမှာ ထူးခြား ဆန်းကြယ်မှု များနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့ သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊ တောင်ပေါ် ဒေသများနှင့် သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန်ထူးခြား များပြားလှသည်။
အဏ္ဏဝါ ချစ်သူများ အနေဖြင့် သမုဒ္ဒရာ အတွင်း ရေနက်ပိုင်းတွင် နေထိုင် ကျက်စားသည့် တောက်ပသော အရောင်အသွေး ဖြင့် လှပသော ပင်လယ် ရေကြွက်ကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်လိုက်ပါသည်။

ခန္ဓာကိုယ် တစ်ခုတည်းတွင် ဦးခေါင်းနှစ်လုံး ပါသော အံ့သြဖွယ် ကောင်းသည့် ရေပုတ်သင် မျိုးစိတ်


ဘာလင် ဖေဖော်ဝါရီ  ၁၇
မျိုးရိုးဗီဇ ချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာသော ထူးခြား ဆန်းကြယ်သည့် ခန္ဓာကိုယ် တစ်ခုနှင့် ဦးခေါင်း နှစ်လုံး ပါရှိသော ရေပုတ်သင် မျိုးစိတ်ကို ပုဂ္ဂလိက မွေးမြူသူ တစ်ဦးက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပုတ်သင်၏ သက်တမ်းမှာ ခြောက်လမျှသာ အသက်ရှင် နေနိုင်ကြောင်းနှင့် ၎င်းကို အစာကျွေး ရာတွင် ပါးစပ် နှစ်ပေါက် စလုံးသို့ ကျွေးရကြောင်း မွေးမြူသူက ပြော ကြား ခဲ့သည်။

ဂျစ်ပ်စီတွေရဲ့၂၀၁၁ Khamoro ပွဲတော်


Prague မှာ ၂၀၁၁ ခုနှစ် မေ ၂၆ ရက့်တုန်းက ကမ္ဘာ့ ရိုးမား ဂီတနဲ့ အက ပွဲတော်ဖြစ်တဲ့ Khanmoro ၂၀၁၁ ပွဲတော် ကို အိန္ဒိယမှ Rabari gypsies တွေက ဆင်နွဲခဲ့ပါတယ် ။ နိုင်ငံပေါင်း ၁၉ နိုင်ငံက ၁၀၀ ကျော်တဲ့ အနုပညာ ရှင်တွေဟာ ဒီ Khamoro ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ပါတယ် ။

ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူးများ ဖန်တီးထားသော ဧရာမ ထမင်းကြော် ပွဲကြီး ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန်တင်


ဆန်ဟိုဆေး  ဖေဖော်ဝါရီ  ၂၁
ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူး များသည် တရုတ်ရိုးရာ မြွေနှစ်သစ်ကူး အခါ သမယကို ကြိုဆိုသည့် အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်က ဧရာမ ထမင်းကြော် ပွဲကြီးကို ဖန်တီး ကြော်လှော်၍ ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...