Friday, March 1, 2013

ကင်ဆာဝေဒနာသည်၏ ဝှေးစေ့ကို ခွဲစိတ်ဆရာဝန်များက ဘယ်ညာမှားဖြတ်


အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။ အသက်၄၈နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည် ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌ သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်းထောက်များအား ၀မ်းနည်းဖွယ် ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့ အခြေစိုက် NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယုန်ထွားကြီးကို ကြောက်ပြီး ဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေး


ဗြိတိန်နိုင်ငံဒဲလ်ဗင်ခရိုင်ပလိုင်းမောက်စ်မြို့ကင်ဘာလေမေဆိုသူ၏ နေအိမ်ကိုညဘက်တွင် 
 ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ၀င်ရောက်လာစဉ် နေအိမ်တွင်မွေးမြူထားသော ယုန်ထွားကြီးကို ကြောက်ရွံ့ပြီး ပြန်လည်ထွက်ပြေးသွားခဲ့သည်။ဗုဒ္ဓဟူးနေ့ညပိုင်းတွင် နေအိမ်မိသားစုဝင်များ အိပ်မောကျနေစဉ် အလျားနှစ်ပေရှိပြီး အလေးချိန် ၄ဒသမ ၅ကီလိုရှိသော ယုန်ထွားကြီးက ၎င်းအနီးသို့ဖောက်ထွင်း ၀ိဇ္ဇာချဉ်းကပ်လာရာ အသံနက်ကြီးဖြင့် ငါးကြိမ်ခန့် အော်ခဲ့သောကြောင့် အကြောက်လွန်ပြီး ၎င်းဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် နေအိမ်မိသားစုဝင်များ နိုးထလာပြီး အိမ်တွင်းသို့ လူစိမ်းတစ်ဦး ၀င်ရောက်ခဲ့သည့် အနေအထားများ တွေ့ရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

စိန်လက်စွပ်ကောက်ရသူ အိမ်ယာမဲ့တစ်ဦး ရိုးသားမှုကြောင့် တစ်ပတ်အတွင်း သူဌေးဖြစ်


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။ ၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က၎င်းအတွက် ရန်ပုံငွေရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် ကန်ဒေါ်လာ ၈၆,၀၀၀ကို ပေးအပ်ခဲ့သည် ဟုသိရသည်။ မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟားရစ်သည် ၎င်း ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။

လက်နက်ကိုင်ဆောင် လာသူများကို ဗာဂျီးနီးယားပြည်နယ် ပီဇာဆိုင်မှဈေးလျှော့ပေး


အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေရှိ ပီဇာအရောင်းဆိုင် တစ်ဆိုင်သည် ၎င်းဆိုင်သို့ လာရောက်စားသုံး သူများအနေနှင့် လက်နက်များ ကိုင်ဆောင်လာပါက ပီဇာရောင်းဈေး၏ ၁၅ရာခိုင်နှုန်းကို ဈေးလျှော့ ရောင်းချပေးလျက်ရှိသည်။

Thursday, February 28, 2013

အမှတ်တမဲ့အလွဲများ ( ၂၅ )

အမှတ်တမဲ့အလွဲများ ကို တင်ပေးလာတာ အခုဆိုရင် ၂၅ ခုမြောက်ပါ။
ငွေရတုပေါ့...ဟဲ...ဒီအချိန်အထိ အားပေးကြတဲ့ သူငယ်ချင်းများကို
ကျေးဇူးတင်ပါတယ်....ဆက်ပြီး လွဲလိုက်ကြအုံးမယ်နော်...
ဦးဦး သမ္မတကြီး စာလဲမတက်ဘူး...ပြောင်းပြန်ကြီး...ဟီး

Saturday, February 23, 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား


အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။

စိမ်းပြာရောင်ကမ်းခြေ- Navagio beach


ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်တော့ စိမ်းပြာရောင်လို အရောင်ထွက်စေ ပါတယ်။

Related Posts Plugin for WordPress, Blogger...