Sunday, March 3, 2013

Toilet Paperအဆန်းများ ( ၂ )

ထူးခြားပြီး မြင်တွေ့နေကြမဟုတ်တဲ့ Toilet Paper ထုပ်လေးများကို
တင်ပေးခြင်ပါတယ်။အရင်ကလည်းတင်ပေးဖူးပါတယ်။ထပ်တွေ့တာလေးတွေကိုတင်ပေးလိုက်ပါတယ်။
#1 Math!
အပြင်းပြေ သချာင်္တွက်လိုသူတွေအတွက်ပါ...

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ


ကိုလံဘို ဖေဖော်ဝါရီ ၁၇
သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။
ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သတ္တ၀ါများ (၂)


ဆင်ဟွာ သတင်းဌာနက တင်ဆက်ထားတဲ့ ထူးခြားဆန်းပြားအစီအစဉ်မှာ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ပတ်ဝန်း ကျင်ကလိုက်ပြီးအရောင်ပြောင်းတတ်တဲ့သတ္တ၀ါတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ ပတ်ဝန်းကျင် အခြေ အနေ နဲ့လိုက်လျော ညီထွေရှိလွန်းတဲ့ သူတို့ရဲ့ ပုံသဏ္ဍန်ဟာ ဆင်တူလွန်းတာမို့ အမှတ်တမဲ့ဆို ရင် မသိ သာလှ ပါဘူး ။ အန္တရာယ်တွေကနေ ရှောင်လွှားနိုင်အောင် သဘာဝကနေပေးအပ်ထားတဲ့ ထူးခြား သတ္တ၀ါတွေ ရဲ့အစွမ်းသတ္တိဖြစ်ပါတယ် ။

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း


အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်းဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။ အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ


ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။
ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။

ကလေးမွေးပြီးနောက် အသက် ၂၂ နှစ်အရွယ်မှ အသက် ၆၀ အရွယ် ဖြစ်သွားသည့် အမျိုးသမီး


တရုတ်နိုင်ငံ Henan ခရိုင်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ ကလေးတစ်ယောက် မွေးဖွားပြီး သည့်နောက် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကဲ့သို့ မျက်နှာ အရေပြားများ ပျက်စီးခဲ့ရကြောင်း Asiaone သတင်းတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။၂၀၀၇ ခုနှစ်အတွင်း ဟူ လို့အမည်ရှိတဲ့ တရုတ် အမျိုးသမီးလေးဟာ အသက် ၂၁ နှစ်အရွယ်မှာ လက် ထပ်ပြီး ၁ နှစ်အကြာမှာတော့ ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် သူမရဲ့ အရြေ ပားတွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာပြီး ၆ လအကြာမှာတော့ သူမဟာ အသက် ၆၀ အရွယ် အဘွားကြီး တစ်ဦး ကဲ့သို့ ဖြစ်လာပါတော့တယ်။

အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အဘွားအို ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင်


တိုကျို   မတ်   ၁
အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အမျိုးသမီး ဖြစ်သူ မီဆာ အိုအိုကာဝါကို ဖေဖော်ဝါရီ ၂၇ ရက်က ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်မှတ်တမ်း တင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဆွေမျိုးများ ဝိုင်းရံထားပြီး ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသော အိုကာဝါသည် ဂင်းနစ်မှတ်တမ်း တင်ဂုဏ်ပြု လက်မှတ် လက်ခံရရှိသည့် အတွက် အလွန် ဝမ်းမြောက်မိကြောင်း သူမက ပြောကြား သည်။
Related Posts Plugin for WordPress, Blogger...