ဝါရှင်တန် မေ ၅
အမေရိကန် သုတေသန ပညာရှင် များသည် နေရာ
တကာတွင် တွေ့ရသော အင်းဆက်များ ကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသော ယင်ကောင်
တစ်ကောင်ခန့် အရွယ်အစား ရှိပြီး ပျံသန်းနိုင်သည့် ကမ္ဘာ့ အသေးဆုံး စက်ရုပ်
အင်းဆက်ကို မေ ၂ ရက်က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။
ပထမဆုံး အကြိမ်အဖြစ် ထုတ်လုပ်ထားသော
အဆိုပါ စက်ရုပ် အင်းဆက်သည် သုတေသန ပညာရှင် များအား အသေးစား အင်းဆက်များ၏
ပျံသန်းမှုကို လေ့လာရန် အတွက် နည်းလမ်းသစ် များကို ထောက်ပံ့လျက်
ရှိကြောင်း သိပ္ပံ ပညာရပ် ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု အရ သိရသည်။