Saturday, May 11, 2013

၁၁နှစ်အတွင်း အင်းဆက်ပိုးကောင်များကို ကျောင်းဆရာတစ်ဦး နှစ်ခြိုက်စွာစားသုံးခဲ့


အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ရိုဒီကျွန်းစုမှ ဒေးဗစ်ဘရာဆာအမည်ရှိ ကျောင်းဆရာတစ်ဦးသည် ၁၁နှစ်ကျော် ကာလအတွင်း အင်းဆက်ပိုးကောင် အများအပြားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့ကြောင်း အမေရိကန်အရှေ့မြောက်ပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၄၇နှစ်ရှိ ဒေးဗစ်သည် လွန်ခဲ့သည့် ၁၁နှစ်ခန့်မှ စတင်၍ ဂျပိုး ပိုးဟပ် ဘောက်ဖတ်စသည့် အင်းဆက်ပိုးကောင်များကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့သည့်။

ToyStoryရုပ်ရှင်မှ အာကာသစစ်သားအရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်


ဗြိတိန်အခြေစိုက် ကစားစရာအရုပ် ထုတ်လုပ်ဖြန့်ချိသော ကုမ္ပဏီမှဂျက်ဖ်ဝရိုက် ဆိုသူသည် ရုပ်ရှင်ဇာတ်ကားမှ အာကာသစစ်သားရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ထောင်နှင့်ချီသော ရောင်စုံပူပေါင်းများကို အသုံးပြုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျက်ဖ်ဝရိုက်ကိုယ်တိုင် အဆိုပါရုပ်အတွင်းသို့ ၀င်ရောက်ကာ လှုပ်ရှားသွားလာပြခဲ့သည်။ ထိုပူပေါင်းစစ်သားရုပ်ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့ရာ နာရီအနည်းငယ်အတွင်း ကြည့်ရှုသူ တစ်သိန်းခုနစ်သောင်း ကျော်လာခဲ့ကြောင်းသိရသည်။
ref:ပြည်မြန်မာ

ရော်ဘာဘဲရုပ်ကြီး ဟောင်ကောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်


အမြင့်၅၄ပေရှိသော ရော်ဘာဘဲရုပ်သင်္ဘောသည် ကမ္ဘာအနှံ့ခုတ်မောင်းသွားလာခဲ့ရာ မေ၂ရက်တွင် ဟောင်ကောင်မြို့ ဗစ်တိုးရီးယားဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့သည်။ ထောင်နှင့်ချီသော ပရိသတ်များက ဗစ်တိုးရီးယားဆိပ်ကမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြသည်။

အမြင့်ပေ ၂၀၀၀ကျော်၌ လေထီးနှင့် ဆပ်ကပ်ပြ


ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း အန်နီစီရေကန်အထက် အမြင့်ပေ၂၀၀၀ကျော်တွင် လူစွန့်စား ရိုဇန်နီဂယ်လန်နှင့် ဂီလ်စနိုက်ဒါဆိုသူသည် လေထီးတပ်ဆင်ထားသော ယာဉ်ငယ်ကို အသုံးပြုပြီး ဆပ်ကပ်စွမ်းရည်ပြသခဲ့သည်။ အသက်၂၉နှစ်အရွယ်ရှိ စနိုက်ဒါသည် ခါးတွင်လုံခြုံရေးခါးပတ် ပတ်ထားသည်မှအပ မည်သည့်ခေါင်းစွပ်မျှ ဆောင်းထားခြင်း အပါအ၀င် အသက်ကယ်လေထီး တပ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။

Friday, May 10, 2013

ကိုယ်ဝန်ဆောင်ထားမှန်းတောင် မသိလိုက်ဘဲ ကလေးမွေးဖွားခဲ့သူ


အသက် ၂၁ နှစ်အရွယ် လိန်းကာတာ ဆိုသူဟာ ဝမ်းဗိုက် နာကျင်တာကြောင့်  ဆေးရုံသို့ သွားခဲ့ရာမှ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်လို့ သိရ ပါတယ်။ သူ ကိုယ်ဝန်ရှိစဉ် ကာလတစ်လျှောက်လုံး ဘာလက္ခဏာမှ မပြဘဲ မမွေးခင် တစ်လအလိုမှာမှ လေပွသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ လစဉ် ဓမ္မတာလာမြဲတိုင်း လာနေပြီး ဝမ်းဗိုက်အတွင်းမှ သန္ဓေသားရဲ့ လှုပ်ရှားမှုကိုလည်း ဘယ်လိုမှ မခံစားရ ဘူးလို့ ဆိုပါတယ်။

ရေလယ်ခေါင်မှ အီတလီရဲတိုက်


အီတလီနိုင်င်ငံ Lambordy ပြည်နယ်က Lake Iseo လို့အမည်ရတဲ့ ရေကန် အလယ်မှာ ဖြစ်ပါတယ်။

ယင်းရေကန်အလယ်မှာ လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ Monte Isola ကျွန်းမြို့  နဲ့အတူ သီးခြား တည်ရှိနေတဲ့ ရဲတိုက် တစ်ခုကိုလည်း ယခုလို မြင်တွေ့ ရပါတယ်။ Lake Iseo က အီတလီက စတုတ္ထအကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ြ့ကီး တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါက် မြောက်များစွာ ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။

ဟန်လင်းမြို.ဟောင်းမှ ရွှေစီခြယ်ထားသော သွားများပါသည့် အပေါ်မေးရိုးတစ်ခု

ကျွန်တော် လူမှန်းသိတတ်စ အရွယ်ရောက်တော့ ကျတော့ အမေရဲ့ အံသွားတစ်ချောင်းမှာ စတီးလ် ကွပ်ထားတာကို သတိထားမိပါတယ်
(တကယ်တော့ ကျတော့ အမေ အိမ်တောင်မကျခင် ပျိုရွယ်ကတည်းက လုပ်ထားတာပါတဲ့)။

ကျတော်က ဘာအတွက်ကြောင့် အဲလို လုပ်ထားသလဲဆိုတာ မတွေးတတ်ခဲ့ပေမယ့် နောက်မှသိရတာက သူတို့ ခေတ်က ဖက်ရှင်တစ်ခု အဖြစ်နဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အခု ကျတော်တို့ ခေတ်မှာလဲ သွားမှာ စိန်မြုတ်တာတို့ ဘာတို့ ကြားနေမြင်နေရတော့ ဖက်ရှင်ဆိုတာ တစ်ပါတ်ပြန်လည်တတ်တယ်ဆိုတဲ့ သဘောမျိုးနေမှာဘဲလို့ တွေးမိပါတယ်။ ဒါပေမယ့် ကျတော့ အနေနဲ့ သွားမှာ အလှဆင်ကြတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ခန့် ကျတော့်အဖေတို့ အမေတို့ အပျိုလူပျို ရွယ် ကတည်းကမှစတင်ခဲ့တဲ့ ဖက်ရှင်တစ်ခု အနေနဲ့ သိထားခဲ့တာ ...။
Related Posts Plugin for WordPress, Blogger...