ဒီလိုသဘာဝလွန်အဖြစ်မျိုးတွေက ယုံကြည်ဖို့ ခက်ပါတယ်။အမှန်တရားတစ်ခု
အနေနဲ့တင်ပြခြင်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက်နေတာတွေ မှတ်တမ်း
တင်ထားတာတွေကို ပြန်လည်တင်ပြပေးခြင်းပါ။ ဒီတစ်ခါတင်ပြမဲ့အကြောင်း
အရာကတော့ လူအများရှေ့ မှာ တကယ်ကို ခန္ဓာကိုယ်ကရုတ်တရက်မီးထ
လောင်တဲ့ အဖြစ်တစ်ခုကိုပါ။
၁၉၆၄ ခုနှစ်က အမေရိကန်ပြည်နယ် တက္ကဆတ်ပြည်နယ် ဒါးလက်မြို့ မှာပါ။
အသက် ၇၅ နှစ်ရှိတဲ့ အိုလ်ဂါစတီဖင် ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကားပေါ်မှာ
ထိုင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရပါတယ်။