Saturday, August 10, 2013

အာဒမ်နှင့် ဧ၀သည် အာဖရိက၌ ရှင်သန် နေထိုင်ခဲ့ပုံရကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ


ကမ္ဘာဦးလူသားများအဖြစ် သတ်မှတ်ခြင်း ခံထားရသော အာဒမ်နှင့် ဧ၀တို့သည် အာဖရိက၌ ရှင်သန် နေထိုင်ခဲ့ပုံရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စတန့်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာမှုများ အရ တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များသည် အာဒမ်၏ ၀ိုင်ခရိုမိုဆိုမယ်လ် ဆဲလ်နှင့် ဧ၀၏ မီတိုခရုန်ဒရယ်ဆဲလ် အမျိုးအစား ပါဝင်သော လူများကို လိုက်လံရှာဖွေပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ အာဒမ်နှင့်ဧ၀တို့သည် မူလက မျှော်မှန်းထားသည်ထက် ပိုမို ရှေးကျသောကာလ၌ အသက်ရှင် နေထိုင်ခဲ့သည်ဟု သတ်မှတ်ခဲ့ကြသည်။

ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသည့် နေအိမ်


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟော်စတွန်ဒေသတွင် ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသော နေအိမ်သည် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်လျက် ရှိသည်။ ထိုနေအိမ်ကို ဂျွန်မစ်ခ်ကိုမစ်ခ်ျက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေအိမ်ကို စကျင်ကျောက်များ၊သစ်မာများဖြင့် အကြမ်းထည် တည်ဆောက်ခဲ့ပြီးနောက် ကျန်အစိတ်အပိုင်းများကို အလူမီနီယံဘီယာဘူးခွံ ငါးသောင်းခန့်အား ဖြတ်တောက်ကာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ခဲ့ပြီးနောက် အကျိုးအမြတ်ကို မမျှော်ကိုးသော ဒေသတွင်း အဖွဲ့အစည်း တစ်ခုက ၀ယ်ယူခဲ့ပြီးနောက် အမှတ်တရ အဖြစ် ပြသထားခဲ့သည်။

Friday, August 9, 2013

အမျိုးသား ၂၃ ဦးနှင့် အိမ်ထောင်ကျဖူးသူ


Linda Wolfe လို့အမည်ရတဲ့ အမျိုးသမီးပါ။ အသက် ၁၆ နှစ်က ပထမဆုံး အိမ်ထောင်ကျပါတယ်။ အိမ်ဘေးက ရွယ်တူ ကောင်လေးပါ။ ကောင်လေးက ချစ်ခွင့်ပန်မှုကိုလက်ခံပြီး မိဘ သဘောမတူလည်း ကိုယ့်သဘောနဲ့ လက်ထက်ခဲ့ကြပါတယ်။
အချစ်စစ်ကို သူမ ရှာမတွေ့ပါဘူး။ ဒီလိုနဲ့ ကွာရှင်းပြတ် ဆဲပြီး နောက် တစ်ယောက်နဲ့ အိမ်ထောင်ပြုပါတယ်။ မတွေ့သေး ပါဘူး။ နောက် တစ်ယောက်ထပ်ပြုပါတယ်။

ယုံချင်ယုံ မယုံချင်နေ


South China Sea ဟာ ကမ္ဘာပေါ်မှာ
မုန်တိုင်းအန္တ၇ယ်အများဆုံးနှင့် ကြောက်စ၇ာအကောင်းဆုံးပင်လယ်ပြင်တစ်ခုပါ။
တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာ အဲဒီတောင်တ၇ုတ်ပင်လယ်ပြင်မှာ
ဝေလငါးအုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့
၇ဲ့ လက်တွေကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။

Wednesday, August 7, 2013

ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၄)


ကျွန်တော်ဒီအကြောင်းတွေကို နေခရမ်းဆိုဒ် မှာသာမကပဲအခြားသော
လူမှုကွန်ယက်များမှာပါ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ထိုဆိုဒ်များမှအားပေး
ကြတဲ့သူငယ်ချင်းများ၏ ဆွေးနွေးချက်များကို လည်းပြန်ရပါတယ်။
ဆိုဒ်တစ်ခုမှ သူငယ်ချင်းတစ်ယောက်က ဒီအဖြစ်အပျက်တွေဘာ
ကြောင့်အမျိုးသမီးတွေပဲဖြစ်နေရတာလဲဟု မေးမြန်းထားပါတယ်။
ကျွန်တော်တင်ထားတာတွေပြန်ကြည့်တော့လည်း အမျိုးသမီးအကြောင်း
တွေပဲဖြစ်နေပါတယ်။
 ဒါပေမယ့်ဒီလိုသဘာဝလွန်အဖြစ်အပျက်တွေဟာ အမျိုးသားများမှာ
လည်းဖြစ်ခဲ့ပါတယ်။ အရေအတွက်အားဖြင့်တော့ အမျိုးသမီးတွေက
ဖြစ်ကြတာပိုများပါတယ်။ ဒါကလည်းကျွန်တော်ဒီအကြောင်းနောက်
ဆုံးအပိုင်းမှာ စုံစမ်းစစ်ဆေးသုတေသန ပြုသူများ၏ ထင်မြင်ချက်
ကောက်ချက်ချမှုများကို သီးခြားတင်ပြပေးပါမယ်။အခုတော့
အမျိုးသားထဲမှ ဖြစ်ခဲ့တဲ့အဖြစ်ကိုတင်ပြပေးပါမယ်။

ကမ္ဘာတစ်လွှားမှရေခဲနေသောရေတံခွန်များ

အခုတင်ပြမှာက ကမ္ဘာတစ်လွှားမှာတည်ရှိတဲ့ ရေခဲနေတဲ့ရေတံခွန်များကို
စုစည်းတင်ပြပေးမှာပါ။ နေရာဒေသအသီးသီးမှာတည်ရှိတဲ့ လှပတဲ့ရေခဲရေတံခွန်များ
ကို တွေ့မြင်ရမှာပါ။ ဒီရေတံခွန်များဟာ မူလအတိုင်းအရှိန်ပြင်းစွာရေများစီးဆင်း
နေတက်ပြီး အေးလွန်းတဲ့ဆောင်းရာသီရောက်လာရင် ကျဆင်းနေဆဲရေစီးကြောင်း
များက အေးခဲပြီး ရေခဲတောင်ကဲ့သို့ဖြစ်ပေါ်သွားပါတယ်။ ဒီနေရာများကို ကမ္ဘာလှည့်
ခရီးသည်များက ရေခဲတော့မည့်အချိန်များတွင်ရောက်ရှိလည်ပတ်တက်ပါတယ်။
တစ်ချို့သူများက လည်ပတ်ယုံသာမကပဲ ထိုရေခဲရေတံခွန်များပေါ်သို့ခက်ခဲစွာ
တက်ရောက်တက်ကြပါတယ်။ ကမ္ဘာတစ်လွှားမှရေခဲနေသောရေတံခွန်များကို
ကြည့်ရှု့လိုက်ကြပါအုံးနော်...
Ouray, Colorado
 

Monday, August 5, 2013

နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ


နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ
ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက်သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။ ကမ္ဘာပေါ်တွင် မီးမငြိမ်းဘဲ တောက်လောင်နေသည့် မီးတောက်အများအပြား ရှိနေသော်လည်း ယင်းတို့အနက် အများစုကိ...ု လူများက ဖန်တီးကာ မီးမငြိမ်းအောင် လောင်စာ ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...