Wednesday, August 28, 2013

အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သူ


အသက် ၃၉ နှစ်အရွယ် စကော့တလန်နိုင်ငံသား စတာ့တ်ဂန်းဆိုသူသည် မျက်မမြင်တစ်ဦး ဖြစ်ပြီး သြဂုတ်လ ၁၇ရက်နေ့က မော်တော်ဆိုင်ကယ်အား တစ်နာရီ ၁၆၇ မိုင်နှုန်းမောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ၎င်းဆိုင်ကယ် မောင်းနှင်နေချိန်တွင် ဖခင်ဖြစ်သူက ဘေးမှ ဆိုင်ကယ်ဖြင့် လိုက်ကာ မည်သည့်နေရာတွင် လမ်းကြောင်းလွဲသွားသည်၊ မည်သည့်နေရာတွင် ဘရိတ်ဆွဲရမည် တို့ကို ပြောပြပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ စကော့တလန်နိုင်ငံ အီဒင်ဘာ့ခ်ျမြို့တွင် နေထိုင်သူ စတာ့တ်က မျက်မမြင်ဖြစ်သည်နှင့် ဘ၀ဆုံးသွားသည်မဟုတ်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်သည်ဟု ၀မ်းသာအားရ ပြောဆိုခဲ့သည်။
Related Posts Plugin for WordPress, Blogger...