မည်သည့် နေရာ မဆို အလွယ်တကူ သယ်ဆောင်သွားနိုင်ပြီး ပုံစံ အမျိုးမျိုး အသုံးပြု နိုင်သော ဘဲဥ ပုံသဏ္ဍာန် အိမ်ခန်း တစ်ခုကို ဘယ်လ်ဂျီယံ ဗိသုကာ ပညာရှင် က ဒီဇိုင်း ရေးဆွဲပြီး ...
နေခရမ်း....
|
Wednesday, October 23, 2013
ပုံစံ အမျိုးမျိုး အသုံးပြုနိုင်သော ဘဲဥပုံ အိမ်ခန်း
မည်သည့် နေရာ မဆို အလွယ်တကူ သယ်ဆောင်သွားနိုင်ပြီး ပုံစံ အမျိုးမျိုး အသုံးပြု နိုင်သော ဘဲဥ ပုံသဏ္ဍာန် အိမ်ခန်း တစ်ခုကို ဘယ်လ်ဂျီယံ ဗိသုကာ ပညာရှင် က ဒီဇိုင်း ရေးဆွဲပြီး ...
ဘရာဇီး ဆေးရုံ တစ်ခု တွင် ညာဘက် ခြေထောက်ကို ဖြတ်ရမယ့် အစား ဘယ်ဘက် ခြေထောက်ကို မှားယွင်းကာ ဖြတ်တောက်မိခဲ့
ဘရာဇီး နိုင်ငံရှိ ရီယိုဒီဂျန်နာရိုဒပီရို အန်းနတ်စတို တက္ကသိုလ် ဆေးရုံတွင် ဆီးချို ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီး ထားသည့် လူနာတစ်ဦးကို ...
ပင်လယ်ထဲက ဘုရားကျောင်းဆောင်
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ လည်ပတ်စရာနေရာတွေထဲမှာ ပင်လယ်ထဲမှာ တည်ရှိနေတဲ့ ဘုရားကျောင်းတစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းနာမည်က Pura Tanah Lot ဖြစ်ပြီး ဘာလီကျွန်းသားတွေရဲ့ ဘာသာစကားနဲ့ ပင်လယ်ထဲက ဘုရားကျောင်းလို့ ခေါ်တယ်လို့ သိရပါတယ်။ ဘာလီကျွန်းရဲ့ Denpasar မြို့ကနေ ကီလိုမီတာ ၃၀ခန့်ကွာဝေးတဲ့ ပင်လယ်ကမ်းစပ်နဲ့ မဝေးလှတဲ့ ကျောက်ဆောင်ငယ်ပ်ါမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ရုတ်တရက်ကြည့်လိုက်ရင် သင်္ဘောတစ်စီးရဲ့ ပုံသဏ္ဍန်နဲ့ ဆင်ဆင်တူပါတယ်။ ဒီပင်လယ်ထဲက ဘုရားကျောင်းတည်ဆောက်မဲ့ ကျောက်ဆောင်ငယ်လေးဟာ ၃ဧက ခန့်သာ ကျယ်ဝန်းပြီး တကယ်တမ်းတော့ ပင်လယ်ကမ်းခြေနဲ့ တစ်ဆက်တည်း ဖြစ်ခဲ့ဟန်ရှိပြီး ပင်လယ်ဒီရေနဲ့ လှိုင်းများရဲ့ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့် ကမ်းစပ်က ကျောက်ဆောင်တွေနဲ့ မဆက်တော့ဘဲ ပင်လယ်ထဲမှာ သီးသန့်တည်ရှိနေသကဲ့သို့ ဖြစ်ပေါ်နေခဲ့တာပါ။ ကမ်းစပ်ကနေ မီတာ ၂၀ခန့်သာ ဝေးတာမို့ လမ်းလျှောက်သွားရင် မိနစ်အနည်းငယ်နဲ့ ရောက်သွားမှာဖြစ်ပါတယ်။
Thursday, October 17, 2013
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဖိုင်ဘာမျှင်များဖြင့် တည်ဆောက်ထားသော မိုးမျှော်တိုက်များ
အမြင့်ရောက်လျှင် လေပိုတိုက်သည့် သဘောတရားကို အခြေခံထား၍ စတော့ဟုမ်းရှိ ဖိုင်ဘာမျှင် မိုးမျှော်တိုက်တွင် လေထဲ မျောလွင့်နေသော ဖိုင်ဘာမျှင်များကို တွေ့ရမည် ဖြစ်သည်။ လေတိုက်သည့် အလျောက် လှုပ်ယမ်းနေသည့် အဆိုပါ ဖိုင်ဘာမျှင်များ၏ တုန်ခါမှုမှ တစ်ဆင့် လျှပ်စစ်စွမ်းရည်ကို ရယူနိုင်ရန် စတော့ဟုမ်းရှိ သိပ္ပံပညာရှင်များက ကြံဆခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းမိုးမျှော်တိုက်တွင် တပ်ဆင်ထားသော ကာဗွန်မျှင်များကို လေပြည်လေညင်း တိုက်ခတ်ရုံမျှပင် လေထဲ လွင့်မျောနိုင်ရန် စီစဉ်ထားသည်။
ကာလကြာရှည်စွာ ပျောက်ဆုံးနေသော အီဂျစ်ပိရမစ်များကို Google Earth ဂြိုဟ်တုမြေပုံတွင် ရှာဖွေတွေ့ရှိဟု ဆို
အီဂျစ် သဲကန္တာရ တွင် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အီဂျစ်ပိရမစ်များကို Google ၏ မြေပုံဆော့ဖ်ဝဲဖြစ်သည့် Google Earth တွင် ရှာဖွေတွေ့ရှိ နိုင်ပြီဟု အမေရိကန် ဗိသုကာပညာရှင် အန်ဂျလာမီကော်က လက်တွေ့သက်သေပြခဲ့သည်။ Google Earth တွင် တင်ထားသော မြေပုံများကို သမိုင်း အထောက်အထားများနှင့် တိုက်ဆိုင်ကြည့်ရာတွင် Google Earth မှမြေပုံများသည် ပျောက်ဆုံးနေသော ပိရမစ်များ၏ တည်နေရာကို ညွှန်ပြနိုင်ကြောင် တွေ့ရသည်။
ဝိုင်ဖိုင်၊ တီဗီ၊ ရေဒီယိုနှင့် ဆဲလ်ဖုန်းများ မသုံးရဟု တားမြစ်ထားသည့်မြို့
အမေရိက အနောက်ဗာဂျီးနီးယား ပြည်နယ်ရှိ ဂရင်းဘန့်မြို့ငယ်လေးသည် တစ်မြို့လုံးတွင် လူဦးရေ ၁၄၉ ဦးသာ ရှိသည်။ သိပံ္ပပညာရှင်များသည် အာကာသထဲသို့ ဂြိုဟ်တု လွှတ်တင်နိုင်ရန် ထိုနေရာတွင် လုပ်ဆောင်ကြသည်။ လျှပ်စစ်ပစ္စည်းများက လှိုင်းများ ထုတ်လွှတ်သဖြင့် ထိုလှိုင်းများသည် ၄င်းတို့၏ အချက်သင်္ကေတ (signal) ကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့် ထိုဒေသတွင် ရေဒီယို၊ တီဗီ၊ ၀ိုင်ဖိုင်၊ ဆဲလ်ဖုန်းများနှင့် bluetooth မသုံးစွဲရပေ။ ဂရင်းဘန့်မြို့တွင် အကြီးဆုံး ရေဒီလှိုင်းဖမ်း ဂြိုဟ်တုစလောင်းကြီး The GreenBank Telescope ရှိသည်။ ထိုစလောင်းကြီးဖြင့် သိပံ္ပပညာရှင်များက ကြယ်နက္ခတ်နှင့် အာကာသကို လေ့လာကြသည်။
အခြားယောကျာ်းနှင့် အတူအိပ်ခဲ့သူ၏ အင်္ဂါကို မိန်းမဖြစ်သူက ဖြတ်ပစ်ခဲ့
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆန်တိုစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ယောကျာ်းဖြစ်သူ၏ အင်္ဂါကို ဖြတ်ပစ်ခဲ့သည်။ ယင်းအမျိုးသမီးသည် ၎င်း၏ယောကျာ်းက အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်း မရှိသည့်အတွက် တစ်ပတ်ကျော် စောင့်ကြည့် လေ့လာခဲ့ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားကို ဆေးရုံတင်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ၎င်းသည် နောက်တစ်ကြိမ် မည်သည့် လိင်ဆက်ဆံမှုမျိုးကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆရာဝန်ဖြစ်သူက ဒေးလီးတယ်လီဂရပ်ဖ်သို့ ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ
Subscribe to:
Posts (Atom)